Tuesday, December 31, 2013

ပြန်တွေးကြည့်

ရေး - မိုးမိုး
ဆို - မိုးမိုး

ပြန်တွေးကြည့် ငါသိပ်ချစ်မိသွားပြီ
မြတ်နိုးရတဲ့မင်းရဲ့ အပြုံးဟန်လေး
အမြဲတမ်းတွေ့ချင်သည်
ရင်ထဲထိ ပစ်ခွင်းစူးနစ်သွားပြီ
မင်းအကြည့်များ ဂန္ဓ၀င်မြောက်လွန်းတယ်
ကမ္ဘာကျော်ပန်းချီလည်း ရှုံးရပြီ

ရင်ခုန်စွာစွဲလန်းမိပြီ ဘယ်လိုလုပ်မလဲ
ဖြေရှင်းဖို့ မင်းရဲ့အဖြေလေးတစ်ခွန်း ရင်မှာလိုနေပြီ
ကြာလာရင်ဆိုးသွားလိမ့်မယ် ကူညီပါဦး
နှလုံးသားလေးကတဒိတ်ဒိတ်နဲ့ အချစ်တို့ရှိရာဆီ

လှမ်းလာဖို့စေခိုင်းတတ်ခဲ့ပြီ
ဘ၀တစ်ခုလုံး ပုံပြီးတော့ပြောမယ်
ယုံကြည်ပေးပါ.. ကိုယ့်အချစ်တွေ

စိုးရိမ်မိတယ် ငြင်းပယ်မှာလား
တွေးပူရတာ ကိုယ်ရူးတော့မယ်
မင်းကိုချစ်တယ် ရယူခွင့်ပေးပါ
အချစ်တွေနဲ့အတူ ငါလှမ်းခဲ့မယ်


No comments:

Post a Comment