Tuesday, December 31, 2013

ဗင်ပိုင်းယား

ရေး - မိုးမိုး
ဆို - မိုးမိုး

လူတွေအိပ်စက်နေတုန်းမှာ ငါဟာနိုးထလာခဲ့တယ်
ဆာလောင်မွတ်သိပ်မှုများနဲ့ပြည့်နှက်နေခဲ့
ကတ္တီပါဖဲဝတ်ရုံနက်ကို ပြင်ဆင်ပြီးတော့ဝတ်ထားချိန်
အိမ်ပြင်ဘက်သို့ခြေဦးလှည့်ထွက်လို့လာခဲ့

ကောင်းကင်ထက်ကပျံဝဲလို့လာခဲ့ပြီ
တွေ့သမျှ အားလုံးအားလုံးမှာ
ဘယ်တစ်ယောက်ဟာငါ့အတွက်
ကံဆိုးတဲ့သူဖြစ်မလဲ တွေ့ပြီ တွေ့ပြီ ဟိုးရှေ့မှာ

ဘာယ်သူမှမရှောင်နိုင်ဘူး ဆောရီးပြောပေးကြပါ
တစ်ဝမ်းတစ်ခါးဆိုတော့လည်း ငဲ့ညာလို့ မဖြစ်တဲ့အခါ

ကောင်မလေး မင်းဘာကြောင့်များ
ဒီလိုအကြည့်နဲ့လာကြည့်သလဲ
ငါတို့နှစ်ဦးရဲ့ဘဝများခြားတာမင်းမသိပါဘူး
ပျော်စရာကောင်းတဲ့လူ့ဘဝမှာ ပျော်ပျော်ကြီးမင်းနေလိုက်ပါ
ငါနဲပမနီးစပ်ချင်စမ်းနဲ့ဟေ့

ဘာမှ ငါမသိဘူးသွေးတစ်စက်က ငါ့ရဲ့ဆေး
အသက်ဆက်ရှင်နိုင်ဖို့ဒါငါ့ရဲ့အလုပ်ပါဟေ့

အိပ်မက်ထဲမှာလား တကယ့်အဖြစ်အပျက်လား
တွေးရင်းနဲ့ပဲငါ့ရဲ့ဘဝပြန်စမ်းစစ်ကြည့်တော့
တဖြည်းဖြည်းပြောင်းလာခဲ့ ငါ့ရဲ့လက္ခဏာများ

ထိန်းချုပ်ထားတဲ့ကြားက ငါ့ရဲ့စိတ်တွေလွင့်ထွက်သွား

No comments:

Post a Comment