Tuesday, December 31, 2013

မင်းဖုန်းပိတ်ထားတဲ့ည

ရေး - မိုးမိုး
ဆို - မိုးမိုး

တိတ်ဆိတ်လွန်းတဲ့ ညနက်ထဲ အထီးကျန်လွန်းစွာလူးလွန့်နေရင်း
အိပ်မတပျော်ဘူးဟေ့
အသက်ရှုကြပ်ကာမောဟိုက်သွား တွေးနေရတဲ့ အတွေးပေါင်းများစွာနဲ့
စိတ်ရှုပ်ထွေးနေ
မနက်ကအကြောင်းပြန်စဉ်းစား ဘယ်နေရာမှာ မှားသွားလဲ
မေးခွန်းများနဲပခေါင်းမူးလို့လာခဲ့

မင်းစိတ်ဆိုးအောင်ငါဘာလုပ်ခဲ့မိလဲ
သောကများနဲ့(အို)ရူးသွပ်နေဆဲ
အစိုးရိမ်ကြီးတဲ့ ငါ့အကျင့်ကြောင့်လား
ငါ့ရဲ့အတွေးများအစွန်းရောက်သွားတာလား
တကယ်မရနိုင်မှန်းငါသိလျက်နဲပ ထပ်ခါထပ်ခါဆက်မိခဲ့
ဟောဒီအတိုင်းမနက်မိုးလင်းသွားတော့မှာလား မင်းဖုန်းပိတ်ထားတဲ့ည

ဦးနှောက်မှတ်ဉာဏ်အသိစိတ်များထဲ အလွမ်းတွေများစွာကြီးစိုးလွန်းနေခဲ့
အိုး ဒီလိုညတွေ မင်းခန့်မှန်းလို့လည်းမလွယ်
မချစ်စိတ်က မင်းအလိုမကျတာ တစ်ခုခုရှိလို့လား
ပြေးသာငါမေးချင် ငါ့မှာ
သိပ်ချစ်ရတဲ့ မင်းအတွက် ဘာမဆိုငါဟာပေးဆပ်ရဲ

ပြောပြဖို့အခွင့်တော့ ပေးပါဟေ့

No comments:

Post a Comment