Friday, September 13, 2013
ကမ်းရိပ်ညို
ရေး - လင်းခေးလုလင်
ဆို - ဗညားဟန်
ကမ်းရိပ်ညို ကမ်းရိပ်ညို မွေးရပ်မြေလေး ကမ်းရိပ်ညိုရယ်
လွမ်းစိတ်ပို လွမ်းစိတ်ပို အဝေးကနေတွေး လွမ်းစိတ်ပိုတယ်
ကမ်းရိပ်ညို ကမ်းရိပ်ညို မွေးရပ်မြေလေး ကမ်းရိပ်ညိုရယ်
လွမ်းစိတ်ပို လွမ်းစိတ်ပို မရောက်ရကြာလို့ လွမ်းစိတ်ပိုတယ်
တော်သလင်းမှာကွယ် လှေတော်အသင်းတွေရယ်
လှေပြိုင်ပွဲကျင်းပလို့ ရေဇလာပေါ်ဝယ်
တော်သလင်းမှာကွယ် လှေတော်အသင်းတွေရယ်
လှေပြိုင်ပွဲကျင်းပလို့ ပျော် ပျော် ပျော် တယ်
(လောင်းကယ်နဲ့ပျော်)၂ (စကြာတော် လွှမ်းတယ်လေ ထက်အာကာနန်းမှာလ)၂
(တိမ်တန်းတွေစီလို့ စီလို့)၂ တိမ်နီ တိမ်ပြာ တိမ်ဝါသန်းတယ်လေး တိမ်ပန်းတွေဆိုင်း
(မဗေဒါ မဗေဒါ ပန်းပန်လျှက်ပါ ဝဲယာကြည့်ရင်း ရေစီးထဲမှာ)၂
(ကိုတံငါ လှေယာဉ်စီးပါလို့)၂ ပိုက်ကြီးနဲ့ရေချလာ
မှန်းဆအတိတ်ကို(ကမ်းရိပ်ညိုလေးဆီသို့)၂ လွမ်းစိတ်ပို မှန်ဆခင်ပျို
ဪတမ်းတမှန်းဆ လွမ်းရဘဝင်ဖို နွမ်းလျှမရွှင် လွမ်းတယ်လေး
ကမ်းရိပ်ညို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment