Friday, September 13, 2013
ကွင်းစကွင်းပတ်ထဲက(လူ)
ရေး - လင်းနစ်
ဆို - လင်းနစ်
နံနက်မိုးလင်းတော့ ကုန်းရုန်းထ အလုအယက်နဲ့ပြေးထွက်ကြ
ခရီးထွက်ခဲ့ ဒီလမ်းက မပြီးပြတ်တဲ့ဇာတ်လမ်းများ
အပြုံးများနဲ့ဖုန်းထားကြ အတုန်းအရုံးကျဆုံးသွားကြ
ခေါင်းငုံ့သည်းခံရင်းနဲ့ ဆဲရေးတိုင်းထွာသံတွေလား မုန်းတယ်
ဒါဘာသံလဲမုန်းတယ်
ဘတ်စ်ကားဂိတ်က ညအိပ်ရ တစ်စီးတက်မရ နှစ်စိးတက်မရ
ခရီးထွက်ခဲ့သူများထဲ ထီးပျက်သူများနဲ့
မီးပွိုင့်က ပြုံးပြပြီး ဘတ်စ်ကားကြီးက အမုန်းကြီးများ
မသဲကွဲပုံရိပ်များနဲ့ ငါ့မျက်မှန်ပါဝါမကိုက်ဘူး မုန်းတယ်
ငါမမြင်ရဘူးမုန်းတယ်
(အာဟာဟာ ငါမုန်းတော့ ငါ့ကိုမုန်း သူမုန်းတော့သူ့ကိုလည်းမုန်း
အပြန်အလှန်သေချာစဉ်းစား ကမ္ဘာမှာဘာတွေ မှားယွင်းနေကြတယ်
ဘာတွေလဲမုန်းတယ်
စာရင်းများနဲ့အငြင်းပွားဆဲ အတိအကျဖြေရှင်းထားလည်း
လမ်းလျှောက်ထွက်တဲ့ကိန်းများ အခြားသော အရပ်ကိုတိမ်းပါး
ငါ့ဘေးနားကကလေးမ တိတ်တဆိတ်နဲ့ မျက်ရိပ်ပြ
ကောက်ကျစ်တတ်သူအပြုံးနဲ့ ငါ့မိတ်ဆွေမယုံရဘူးမုန်းတယ်
ငါမယုံတော့ဘူးမုန်းတယ်
အပြန်ကားစီးမှနားငြီးရ အဘွားကြီးကတားဆီးမရ
ချွေးမတွေမကောင်းကြောင်း ဘေးကနေစောင်းမြောင်း
အအေးတစ်ခွက်တော့ သောက်ချလိုက် အရှေ့အရပ်က ပေါက်ကရစရိုက်
သံချေးတက်အတွေးအခေါ်များနဲ့(ဂလောင်)၂ မြည်နေကြံရည်စက်ကြီးမုန်းတယ်
ဒါဘာသံလဲမုန်းတယ်
ရင်ဘတ်ထဲက အိပ်မက်က အပြင်ထွက်လည်းပဲ နှိပ်စက်ကြ တဖွဲဖွဲကျတဲ့နှင်းထဲ
အသည်းကွဲတဲ့ ဒီဇင်ဘာညကြီးမုန်းတယ်
ငါဒီသီချင်းမုန်းတယ် မုန်းတယ် ငါ မုန်းတယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment