Saturday, June 22, 2013

ဟေ့အချစ်

ရေး - ဝင်းမင်းထွေး
ဆို  - ဇော်ပိုင်

လက်ကလေးကို ဆုပ်ကိုင်ချင်တယ် ကိုယ်ရိုင်းနေမလားကွယ်
စိတ်ထဲမှာ ဖြစ်ချင်တာတွေ ကိုယ်မှားနေသလားကွယ်
တားဆီးလို့ မရနိုင်တော့ဘူး ဒါအပြစ်တစ်ခုလားကွယ်
မင်းလေးက သိနိုင်ပါ့မလား ကိုယ့်ရဲ့ စိတ်ကူးတွေ

အချစ်ရေ ကိုယ်တော့ချစ်ချင်လှပြီ ဟေ့ အချစ် အဝေးကအတွေးနဲ့ 
ဟစ်အော်ခေါ်မိတယ်
ဟေ့အချစ် မင်းရဲ့ အနားထိ ရောက်မယ်ထင်မိတယ်
ဘယ်တော့များ ဘယ်တော့မှများ ကိုယ်တို့ နှစ်ယောက် ချစ်နိုင်မယ်

ကိုယ်အချစ်ကို ဖစ်နိုင်ရင်လေ မင်းအတွက်ကို ပေးချင်တယ်
ဘဝလုံးကို အပ်နှံချင်တယ် မင်းလက်ခံမလားကွယ်
မင်းမချစ်လို့ လက်မခံရင်လည်း ကိုယ်မင်းကိုစောင့်မယ်
မင်းလေးက သိနိုင်ပါ့မလား ကိုယ့်ရဲ့ စိတ်ကူးတွေ

ကြားရလား ကိုယ့်အချစ်ဆုံး ကြားရလား ကိုယ့်ရဲ့ သီချင်း
ဟေ့ အချစ် ချစ်ရင် ဟန်ဆောင်မထားနဲ့ 
ဟေ့ အချစ် မင်းဆီအတွေးနဲ့ ဟစ်အော်ပြောလိုက်မယ်
ဟေ့အချစ် မင်းရဲ့ အနားထိ ရောက်မယ်ထင်မိတယ်
ဘယ်တော့များ ဘယ်တော့မှများ ကိုယ်တို့ နှစ်ယောက် ချစ်နိုင်မယ်

No comments:

Post a Comment