Monday, June 24, 2013

နှလုံးသားတစ်ထောင့်မှာ



ရေး - ဆောင်းဦးလှိုင်
ဆို  - ဆောင်းဦးလှိုင်၊ စည်သူလွင်၊ အဲလက်စ်

လွယ်မယ်ထင်လို့ လား သူပျော်မယ်ထင်ထားလား
အချိန်တန်တော့လည်း မင်းလိုမယ် စည်းစိမ်များ
လူတွေဟာခက်တယ် အချစ်ကိုခဏကိုးကွယ်
အချိန်လွန်ပါမှ မင်းငိုမှာစိုးတယ်

ကိုယ်ဟာသီချင်းပဲရေးနိုင်တာ သံစဉ်များကလွဲလို့  မချမ်းသာ
မင်းအတွက် ခဏတော့ ကိုယ်အသုံးကျမှာပါ
တကယ်တမ်းတော့ ဘဝဆိုတာ ရင်ခုန်ရုံနဲ့ ပြီးမှမပြီးတာ
တစ်ချိန်ချိန်တော့ မင်းနားလည်မှာပါ

နှလုံးသားတစ်ထောင့်မှာ တစ်သက်လုံးမင်းရှိမယ်
ဒါဆိုကျေနပ်ကွယ်/ကျေနပ်မလား ချစ်သူလေးရယ်
အိပ်မက်ကနိုးရင် တို့ အဝေးဆုံးဝေးမယ်
အချိန်လွန်ပါမှ မင်းငိုမှာစိုးတယ်

No comments:

Post a Comment