Tuesday, May 7, 2013

မင်းမှမချစ်ဘဲ


ရေး - ဂျမန်း
ဆို - ချမ်းချမ်း

ဒဏ်ရာများစွာသူပေးထား ငိုနေရင်းနဲ့ နင်ပြုံးနေ
ရင်ခွင်ထဲမှာ နင်အရှုံးတွေများနဲ့ နှုတ်ဆက်သွားတဲ့သူ အချစ်အတွက်
ဘောင်တွေခတ်ကာ နင်မချစ်နဲ့ အံကိုတင်းကာ နင်မပြုံးနဲ့
အနိုင်ယူတတ်သူကိုမေ့လိုက်စမ်းပါ မင်းအချစ်တွေပြန်ရုပ်သိမ်း
နင်မျှော်လင့် သူ့အချစ်များ
အနိုင်အရှုံး မင်းမကျေနပ်ဘူးလား/လို့လား
အဖြေကိုတော့မင်းအသိဆုံးဖြစ်မှာပါ
တကယ်တော့အဲဒီလောက်ထိမင်းမှမချစ်ဘဲ
တန်ဖိုးမရှိတဲ့ သူ့အတွက်မင်းမငိုနဲ့
အပြန်လောကကြီးထဲ စိတ်ကို ဖွင့်ပြီးကြည့်လိုက်ပါ
ကမ္ဘာမြေကြီးကလှနေဆဲ တကယ်တော့အဲဒီလောက်အထိ
မင်းမှမချစ်ဘဲ နက်ရှိုင်းလွန်းတဲ့မင်းအချစ်နဲ့ မတန်ဘူး
အိပ်မက်ထဲက အချစ်တွေဟာ အစစ်မဟုတ်ဘူး
ရင်ကိုကော့ရှုရှိုက်အုံး ကမ္ဘာမြေပေါ်ကအချစ်ရနဲ့များ
တစ်နေရာထောင့်မှာတော့လည်း နင်လိုချင်တဲ့ အချစ်တကယ်ကိုရှိတယ်

မှန်ကန်တဲ့ အချစ်စစ်များ နင်တကယ်တွေ့မှာပါ

4:38 AM 5/6/2013

ချမ်းချမ်း

No comments:

Post a Comment