Tuesday, May 7, 2013

ရင်မှာမင်းတစ်ယောက်တည်း

ရေး - ဂျမန်း
ဆို - ချမ်းချမ်း

ရင်မှာနင်တစ်ယောက်တည်းရှိပါတယ် ယုံပါကြင်နာသူ အချစ်ဆုံးရယ်
လိမ်ညာမပြောဝံ့ဘူး ရင်မှာ အရှိအတိုင်းပဲ
ငါရင်ထဲက အချစ်ဟာမင်းပဲ

ဟန်ဆောင်တာတွေငါအရမ်းမောနေပြီ
အကြင်နာတွေ မင်းကပေးရဲ့နဲ့
နင်တကယ်ကိုချစ်တာ ဒါကို ငါသိတယ် ရင်မှာတကယ်ဆိုမင်းတစ်ယောက်ပဲရှိ
တယ်
မင်းတစ်ယောက်ပဲရှိတယ်

ငိုနေတာ ငါ အရမ်းမောနေပြီ ဟန်ဆောင်ကာထိန်းချုပ်ခဲ့ရလည်း
ငါတကယ်မကျေနပ်ပါ ငါလေတကယ်ချစ်တာ
အမှန်တကယ်ဆိုရင် ငါ့ဘဝထဲက နင်တစ်ယောက်ပဲ ချစ်ခဲ့ဖူးတာ

ရင်မှာနင်တစ်ယောက်တည်းရှိပါတယ် ယုံပါကြင်နာသူ အချစ်ဆုံးရယ်
လိမ်ညာမပြောဝံ့ဘူး ရင်မှာ အရှိအတိုင်းပဲ
ငါရင်ထဲက အချစ်ဟာမင်းပဲ
ရင်မှာနင်တစ်ယောက်တည်းရှိပါတယ် ယုံပါကြင်နာသူ အချစ်ဆုံးရယ်
ငါဖွင့်မပြောဝံ့ဘူး ရင်မှာ သိမ်းထားဆဲ
ငါရင်ထဲက အချစ်တွေ အို မင်းတစ်ယောက်တည်း
ဝိုး ဝူး အိုး အိုး ဟူး

4:51 AM 5/6/2013

ချမ်းချမ်း

No comments:

Post a Comment