Thursday, May 2, 2013

ကျိန်စာ

ရေး - မြင့်မိုးအောင် ဆို - လေးဖြူ ငါမင်းရဲ့အနားမှာ နေမလား ငါအဝေးဆုံး သွားရမလား ပြောဖို့စကားလုံး ငါ့မှာသိပ်များ တကယ်ဆိုပြောခွင့်ရှိရဲ့လား အသက်မဲ့သွားတဲ့ နာရီများငိုကြွေးဖို့ သက်သက်လား သဘောင်္ပျက်တစ်စီးပေါ်ထိုင်နေရင်း ရွက်အားလုံးပျောက်ရှသွား ငါလိုချင်တာ အားလုံးပဲ ဘယ်ကိုသွားလို့ရှာရမလဲ ငါလိုချင်တာအားလုံးပဲ အရာရာမင်းလက်ထဲ မင်းပေးဆပ်မယ့် အချစ်နေ့များ ဘယ်တော့မှ ရောက်မလာခဲ့ ဆုတောင်းခြင်းများငါ့ကို ကယ်မလား မျှော်လင့်ချင်းများ အစွမ်းထက်မလား အစွမ်းထက်မလား ဇာတ်လမ်းတစ်ပုဒ် ဆုံးပြီ ဆိုပေမယ့် ပြန်ဆက်လို့ရနိုင်မလား ဒီမှာ ငါ့မျက်လုံးတွေရဲ့နောင်တ ကြေကွဲမှုသက်သေများ အို မင်းစိတ်ထဲမှာ စွဲထင်မို့ ငါဘယ်လောက်အထိစောင့်ရမလဲ တောက်ပတဲ့ အလင်းတန်းအားလုံး လမ်းတစ် ဝက်က ပျောက်ရှသွားခဲ့ တောင်ပံတွေ ပိတ်ဆို့ ဘယ်နတ်မိစ္စာလဲ အဝေးဆုံးသို့ မောင်းထုတ် ပစ်ဖို့ ကြိုးစားလည်းရှုံးနိမ့်သွားခဲ့ သံသယများ ငါ့အပေါ်မင်းအငြိုးတွေနဲ့ တောင့်တမိတဲ့အားလုံးပဲ ဘယ်ကိုသွားလို့ရှာ မလဲ ငါလိုချင်တာ အားလုံးပဲ အရာရာမင်းလက်ထဲ မင်းပေးဆပ်မယ့် အချစ်နေ့များ ဘယ်တော့မှရောက်မလာခဲ့ 9:20 PM 5/2/2013

No comments:

Post a Comment