Thursday, May 2, 2013

ကြယ်စင်များရဲ့လမ်း


ရေး - မြင့်မိုးအောင်
ဆို - လေးဖြူ

ရှင်သန်လာခဲ့ကြရ ရှည်ကြာတဲ့ကတိတွေကြား
နာကျင်အောင်ခြောက်လှန့်ခဲ့ တဲ့ ဒီညတွေရဲ့ကြား အချိန်မတိုင်ခင် မင်းမသိသင့်တဲ့ ဒီစိုးရွံ့ခြင်းများ မမြင်နိုင်အောင် လွဲပြစ်ခဲ့ အို ငါ့မျက်ဝန်းများ
မကြာခင်မှာကောင်းသွားလိမ့်မယ် အချစ်
ယုံကြည်စွာနင်းလျှောက်ပစ်လိုက်စမ်း

ကြယ်စင်တွေပြတဲ့လမ်း ကြယ်စင်တွေပြတဲ့လမ်း ယုံကြည်စွာနင်းလျှောက်သွား ကြယ်စင်တွေရဲ့
လမ်းများ
နာကျင်စွာကျောခိုင်းခဲ့တယ် အို ကျောင်းတော်ကြီးရယ်အမှောင်လာရင်ကောက်
ကျစ်တဲ့ လမ်းပေါ်လှည့်လည်ဖို့အတွက်
ဘာတွေလိုအပ်တော့မလဲ အို ကောင်းမြတ်ခြင်းရယ် ခြေရာတွေ ငါ့ရဲ့ကျောပေါ် ဖြတ်လျှောက်သွားတယ်
ဒါပေမယ့် အခုထိ အိမ်မက်ဆဲ မကြာခင်မှာ
တော့ ကောင်းသွားမှာပဲ

ခိုင်မာတဲ့ တို့ရဲ့လက် ဆုပ်ကိုင်ထားဆဲ
ဘယ်အချိန်မှာတို့ဝေးမလဲ တွေးနေရင်းနဲ့
ဘယ်အချိန်မှာ ငါ့အိပ်မက်တွေ လေမှာလွင့်ပြယ်သွားမှာလဲ ဝင်္ကပါလို ကောက်ကွေ့လွန်းတဲ့ ဒီညတွေရဲ့အလယ်
ယုံကြည်ချက်အစွန်းထိရှိမှာလားရှင်သန်မှာ
လား မင်းရဲ့အချစ်များ

9:32 PM 5/2/2013

No comments:

Post a Comment