Saturday, May 4, 2013

ပွင့်ဆဲပန်းတိုင်းလန်းပါစေ


ရေး - မင်းဂျွန်စိုး
ဆို - ဗညားဟန်

လှမ်းဆွတ်ယူမိုးသားထက်ကြယ် ရှေ့ကကောင်းကင်
 မြင်နေပြီလက်တကမ်း ယုံကြည်ရာကို အတွေးတံခါးဖွင့်လှစ်
ဘဝရဲ့ဖြစ်စဉ်မှတ်စုတစ်အုပ်ကိုရေး လူသစ်စိတ်သစ် ဘဝကိုလျှောက်လှမ်း

တစ်မိုးသောက်ဒီနေ့သစ်နဲ့အတူ အသစ်အသစ်ဆန်းတွေ
ကမ္ဘာမှာပေါ်လာစမြဲ ကမ္ဘာဟာလည်နေ အပြောင်းအလဲနေ့သစ်
သီချင်းသစ်တစ်ပုဒ်ကိုကြိုးစားရင်းရှာ
ဖွေ လေလှိုင်းမှတစ်ဆင့်ပို့နေပါမည်

ဇွဲစိတ်အရင်းခံမျှော်လင့်ချက်အတွက် တို့ပေးဆပ်ခဲ့သီချင်းသံစဉ်သစ်များ
ဒီနေ့သစ်အတွက်လက်ဆောင်မွန်ပါ
မိုးသောက်ပန်းတွေ ပွင့်လန်းဆဲမှာ ငှက်ကျေးအပေါင်းတို့
တေးဆိုနံနက်ခင်း တို့လောကအတွက် အသစ်တွေဖန်တီး

ညလရောင်ရေးရေးအောက်မှာ စည်းချက်ထပ်သူရင်ခုန်သူရဲ့တေး သော်တာငွေစင်ဆန်းစလရိပ်အလင်းနုလွှမ်းခြုံ ပန်းတို့ပွင့်ပါစေ (ပွင့်ဆဲပန်းတိုင်းလန်းပါစေသား)

1:59 AM 5/5/2013

No comments:

Post a Comment