ရေး - ဇလီဘဏ်း
ဆို - ဗညားဟန်
လေရူးပွေတဲ့နွေ သစ်ရွက်ကြွေတာလေးတွေ
မြင်တိုင်းမှာ ကိုယ့်ရင်မှာလေ
အလွမ်းလေးတွေမွှေ သစ်ရွက်ကြွေသလို အော်
ကိုယ့်အသည်းတွေကြွေ မေ့ထားချင်လဲ မေ့လို့မရခဲ့ပေ
ဒီရင်ထဲမှာ ငိုနေတယ် ငိုနေတယ်လေ မမြင်နိုင်တဲ့
ဒီမျက်ရည် အချစ်ပေးလို့အချစ်မရတာ ကံဆိုးတာလားမေ
အချစ်အမုန်းကင်းတဲ့ သီးခြားကမ္ဘာငယ်လေးရှိရင် ကိုယ်ပြေးမယ်
နောက်ပြန်ကာလေလှည့်မကြည့်ပေ အသည်းကွဲကဗျာရယ် ဩော်
အလွမ်းဖွဲ့ စာရယ် အလွမ်းသီချင်းသံများ ဝေးတဲ့မြေ ကိုယ်မကြားချင်
မဆိုချင်ပါ မဆိုချင်ပါမေ ခံစားနိုင်သူမို့လေ
အချစ်ပေးလို့မရတာ ဘာဆန်းတာလဲမေ
ချစ်တတ်တဲ့အသည်းသာမပါခဲ့ရင် ချစ်ဒုက္ခမရှိနိုင်ပါဘူးလေ
အချစ်ပေးလို့အချစ်သာပြန်ရရင် ကိုယ့်အသည်းလေး ကွဲစရာ မလိုဘူးလေ
ကိုယ့်ဘဝကံရယ် အချစ်ရေးရာ ချစ်ကံကြမ္မာနဲ့
အကျိုးရယ်ကမပေးတယ် အချစ်ပေးလို့ အချစ်မရတာ ဝဋ်ကြွေးတစ်ခုလားမေ
1:17 PM 5/5/2013
No comments:
Post a Comment