Thursday, May 2, 2013

ငါ့ရဲ့စိတ်ကူး

ရေး - ကေအေတီ

ဆို - လေးဖြူ

ရာဂဏန်းပေါင်းများစွာ နံပါတ်များ
မင်းနဲ့ဆက်သွယ် အော်ဟစ်ခေါ်
မိုးကုတ်စက်ဝိုင်း အကျယ်ကြီးထဲ

ကြိုးစားမိတဲ့ ငါ့ရဲ့စိတ်ကူး
အိစက်နူးညံ့တဲ့ အရာအားလုံး
ပြောင်းလဲဖို့အသင့်ပြင်နေတယ် ကျောက်ရိုင်းတုံး
မင်းမရှိတဲ့ညတာတွေဟာ အရှည်လျားဆုံး
မင်းအကြောင်းတွေးတောနေရင်း
အခြားတစ်ယောက်တွေ့ဆုံခြင်းနဲ့ အသစ်စချင်တယ်
ဟားတိုက်ရီမောနေရင်းနဲ့ ရူးသွပ်ချင်တယ်
ငါ့ဘဝကိုစွန့်ပစ်ထားခဲ့ မင်းရဲ့အရုပ်လိုပဲ
မင်းငါ့မျက်နှာကြည့်စမ်း မင်းငါ့ကို ယုံမလား
မင်းအတွက်နဲ့တော့လိုအပ်ရင်သေဦးမယ်
မင်းရက်စက်မယ်ဆိုလဲ (သိပ်)မထူးဆန်းသလိုပဲ
မင်းအတွက်နဲ့တော့လိုအပ်ရင်သေဦးမယ်

သတိရမှုတွေ ရေလွှမ်းမိုး
ဝမ်းနည်းမှုတွေကို ပန်းချီရေးဆွဲ
မင်းမျက်နှာတွေ့ရှိခဲ့
အဆုံးသတ်မရတဲ့ ငါ့ရဲ့စိတ်ကူး
တံခါးပေါက်တစ်ခုမှာပဲ စောင့်ရပ်နေလိုက်တော့
မင်းဓာတ်ပုံအစအနများနဲ့ ငါ့ရဲ့ကြမ်းပြင်ထက်
ဘဝတစ်ခုကို မြုပ်နှံရင်းနဲ့ အစိတ်စိတ်ကွဲကြေဆဲ
ဒီနေရာဒီအချိန်မှာ မင်းရှိနေဆဲ(ရှိဆပဲ)
မှန်လိုနံရံမှာလဲ မင်းရှိနေဆဲ(ရှိဆဲလေ)
မြင်နေတယ်ခေါ်ချင်ရင်လည်း ဖြစ်နိုင်တယ်
အချစ်ရေ

အသက်ရှင်ရပ်(တည်)ခွင့်က မင်းဆီမှာပဲ
အချစ်ရပ်တည်ခွင့်ရောမင်း(ပဲ)အဆုံးသတ်သွားချင်လား
ရူးလိမ့်မယ့်ပြဿနာနဲ့ ဒုက္ခဖြစ်စဉ်ထဲ

2:36 PM 5/2/2013

No comments:

Post a Comment