Thursday, May 2, 2013

အငြိုးအင်အား


ရေး - ညီသစ်
ဆို - လေးဖြူ

ကိုယ့်လက်တွေဆုပ်လို့ အားလုံးကိုမပြောင်း အရင်အတိုင်း
အားတွေအသွေးအသားထဲမှာ လှည့်ပတ်စီးဝင်ကြမ်းတမ်းခဲ့
အစိမ်း မီးလျှံများ တိုးဝင်ခဲ့ပြီဟေ့
စိတ်ဟာအရိုင်းသွေး လှမ်းပြေး
နှင်းဆီပွင့်များ ရှေ့(မှာ) ချထား
မွန်းကြပ်တယ် စိတ်ထဲခါးတယ် စိတ်အားမင်းပေး

ယူပါရန်ငြိုးလား
အရက်စက်ဆုံးစိတ်များ ရင်ကိုလောင်စေသောမီး
ယူပါ ရန်ငြိုးတွေလား
ရိုးရိုးသားသားမိုက်ခဲ့ နာကျင်သောအငြိုး အား များ
ငါ့မှာကိုးကွယ်ရာမဲ့ခဲ့ပြီ ရုန်းထွက်မဲ့လမ်း
မျက်လုံးများဝေဝါးနေတယ် ရင်ထဲက စိုးစိတ်များ

အတိတ်(မုန်းရန်ငြိုး ကြိုးလိုရစ်ပတ်ထား အရိပ်ဟာမင်းပဲ အားပေး
တံခါးတွေစေ့ထား နားလည်မလား
သွားလိုက်ပါ ခရီးကြမ်းကို အင်အားများပေး/မင်းပေး)

မင်းသိလား ရင်ထဲမှာရှိတဲ့သွေးအစက်များ
မင်းသိလား ရင်ထဲမှာသိလား အချစ်လေး
မင်းရဲ့ အငြိုးအားများ

2:01 PM 5/2/2013

No comments:

Post a Comment