Thursday, May 2, 2013

အရိုင်းအစိုင်း


ရေး - အငဲ
ဆို - လေးဖြူ

ရိုင်းစိုင်းခြင်းလား ရိုးသားခြင်းလား ဒါလူသတ်မှတ်ချက်များစရိုက်တို့ မိုက် မိုက်လွန်းလို့လူတိုင်းကလည်း ပြောနေဆဲ
မင်းရဲ့ အချစ် မင်းရဲ့အချစ် အားလုံးနဲ့လဲမယ်
အို လိုက်ခဲ့ မင်းလေးငါ့ဘက်ရှိနေရင် ဘယ်သူမှ သိပ်ဂရုမစိုက်

အရိုင်းအစိုင်း နိမ့်ရာစိုက်မယ့် ဓားလှံများဟာ
ထုံးစံပဲ
အရိုင်းအစိုင်း သူတို့ဘဝဟာ မက်မက်မက် မက်စရာလား အရိုင်းအစိုင်း လောကကြီးမှာ
အတုံ့အလှည့်ရှိမယ် ချစ်သူရေ
အရိုင်းအစိုင်းငါနားလည်ထားတယ်ဟေ့
(လုံးဝဂရုမစိုက်)
စမ်းကြည့်လိုက် စမ်းကြည့်လိုက် ငါမှန်တယ်ထင်ရင်ကြမ်းမယ် ထိချက်တို့ကများလွန်းတော့ သည်းခံရအောင်
လူပဲဘုရားလည်းမဟုတ်တယ်  မရေရာတာ
သေချာတာများပြီ ဘယ်သူ့ရဲ့ဒုက္ခလည်းစဉ်းစား
ကြည့် ရှုပ်တယ်ဟေ့ အရူးတွေမေ့ထားလိုက်
မင်းရဲ့အချစ်သာ အဓိကအားအင်တွေ

လူတိုင်းက မင်းကိုဟန့်တားလို့ ကြင်နာသူရေ
တို့ရဲ့ကမ္ဘာပျက်ရမလား
လူရိုင်းပဲ စွပ်စွဲလို့ ယုံကြည်ရင်ခက်မယ်
နင်ယုံရင်ခက်မယ် အချစ်လေး

7:48 PM 5/2/2013

1 comment:

  1. သီချင်းစာသားရိုက်တဲ့သူ၊
    ဒီ Site ကို စီစဉ်တဲ့သူနှင့် ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးတင်မိပါသည်။

    ReplyDelete