Thursday, May 2, 2013

အဝေးကချစ်သူ


ရေး - အငဲ
ဆို - လေးဖြူ

ဟောင်နွမ်းတဲ့ ဒီပန်းချီကားလဲ အရောင်ပြယ်
လွင့်လို့ ဟိုအရင်က ဆေးစက်တို့မှေးမှိန်လို့
ကိုယ်စိတ်တို့ ဒီအတိတ်ဟောင်းထဲ ပျော်ဝင်စီးဆဲ ရင်ထဲအိမ်မက်တစ်ခု ဘယ်မှာလဲ
ဘယ်ဆီမှေးစက်မှားခဲ့ပြီလဲ မိုးသားကောင်းကင်ပြာရယ် ယောကျာ်းတစ်ယောက်ရဲ့အချစ် တမြေ့မြေ့
လောင်ကျွမ်း နားလည်စမ်းတော့အချစ်

အိုဟောင်းခဲ့ပြီ ရင်မှာတော့ ပြန်မဆုံနိုင်ခြင်းနဲ့
(အချစ်ရေ)တို့နှစ်ယောက်ဝေး
ဝဋ်ကြွေးများ အို  ကြေပါစေတော့ ကျိန်စာ
သင့်သောအချစ်နဲ့ ကိုယ်ဟာ /အဝေးက
အဝေးကချစ်သူပါ /(ဟိုးအဝေးကလူပဲ)
အခမ်းနားဆုံးလွင်ပြင်ကြီးထက် အတူပျံဝဲခဲ့
ထည်ဝါသော သစ္စာတွေ အနွေးထွေးဆုံး ဒီမျက်ဝန်းနဲ့ နင်ခိုလှုံဖူးသောရင်ခွင်လည်း
ခုထိပူနွေးဆဲ
တကယ်ဆို အမှာယွင်းမရှိခဲ့သော တို့ရဲ့ဘဝအိမ်ငယ်ထဲ ထားရစ်ခဲ့လဲ ခွင့်လွတ်နိုင်ခဲ့တယ် တကယ်ခွင့်လွတ်ခဲ့တယ်

7:34 PM 5/2/2013

No comments:

Post a Comment