Wednesday, May 15, 2013

အက်စစ်ဝိုင်ချို

ရေး -
ဆို - ချစ်ကောင်း
 Key - Of A
Intro : Guitar & Bars (F Am A E) 6times

F#m
ဝင်္ကပါလိုလို ကောက်ကွေ့ ဘဝကရှုပ်ယှက်ခက်
ရည်ရွယ်ရာဆီမရောက်တဲ့ ဝဲလည် အထပ်ထပ်ရစ်
ငရဲကျတဲ့ချောက်အိပ်မက်တွေ ထပ်ပြန်မက်နိုင်မလား
ဒါရိုက်တာလို ဘဝရုပ်ရှင်ရိုက်ပြလို့တော့မရ
D                     E
မီးခိုးငွေ့တန်းလား လွင့်ပျောက်ကွယ်မှာပဲ

မမုန်းရက်နိုင်သေးဘူး ဘဝလုံးနစ်မြုပ်ခဲ့
E        D
ပွဲသိမ်းမှပြီးပါပြီဆို ရပ်ပစ်လို့ရမှာလား
 F#m     A         E              F#m      A      E
(ဝိုင်ချိုချိုလေးလား အက်စစ်တစ်ခွက်လေးလား) ၂
ရင်ခုန်သံတွေ သွေးခဲအချစ်တွေက ဆေးစက်စက် ဘာတွေကို လွမ်းရမလဲ
စိတ်အချဉ်ပေါက် ရူးသွပ် ဘဝကိုမညည်းခဲ့ဘူးလေ စိတ်မကုန်ခဲ့ပါဘူး
ငိုပြတာ မလုပ်တတ်ခဲ့ ဘာဆိုကိုမှမတောင်း
ငါတွေ့ကြုံလာတဲ့ ကျေးဇူးတရားကိုလုံးဝ မမေ့နိုင်ဘူး
အမြင်မတူရင် ကျောခိုင်းလုံးဝလှည့်မကြည့်နဲ့
ဝေးလွန်းလှတဲ့ ခရီးအဆုံးမှာ ပန်းတိုင်ရှိမှာလား
မစဉ်းစားရဲတဲ့ အတိတ်တစ်ခုလို နောက်တစ်ခါမတွေးဝံ့တော့ လမ်းခွဲများစောင့်နေတယ် အို လမ်းကြောင်းသိပ်ကိုများ
ဝိုင်ချိုတစ်ခွက်တဲ့ ငါမော့သောက်လိုက်တော့ ဝိုင်ချိုအစက်စက်
သွေးမှာ အက်စစ်ဖြစ် အချစ်တစ်ခုရဲ့ အက်စစ် ရင်ခွင်ကိုလောင်စား
ဘဝရဲ့ အက်စစ် ငါ့ကိုလောင်နေပြီ အက်စစ်ထက်ပြင်းသလား အသည်းထဲထိ
လောင်စားအပြုံး မပျက်နိုင်သေးဘူးဟေ့ အရှုံးမပေးဘူးဟေ့
ကိုယ်ဇာတ်ကို ကိုယ်ကိုတိုင်သာ ဆက်ကရတော့မှာပဲ
 D                    E
ဝင်္ကပါလို ဘဝကြီး လမ်းခွဲတွေတကယ်များ
 D                      E
ဘယ်ဆီကိုသွားမလဲ ကိုယ်ကိုတိုင်မသိတော
 E                 D
လူ့ဘဝကို စပျစ်ဝိုင်လိုချို မော့သောက်ခဲ့သူပဲ

7:24 PM 5/21/2013

No comments:

Post a Comment