ရေး - Aနွန်
ဆို - Aနွန်
Key- Em
Intro: Em D C Bb
Em D
V.1 ရိုးသားလွန်းတဲ့ ကံ့ကော်နဲ့ အိပ်မက်များ အတိတ်နေ့ရက်မှာ ကျန်ရစ်ခါ
C D
နေ့ရက်သစ်တို့ပြောင်းလာလဲ ဒီရင်မှာ မေ့မရပါ အရင်အတိုင်းပဲ
Em Am
နူးညံ့လွန်းတဲ့ အပြုံးတွေနဲ့ ငါမနက်တိုင်း မင်းနဲ့အမြဲတူ အဆောင်ရှေ့မှာ
C Bb
စားခဲ့ကြတဲ့ တို့မနက်စာ လွမ်းလိုက်တာ
V.2 အိပ်မက်မြို့က ကျောင်းတော်နဲ့ စာသင်ခန်း အတိတ်နေ့ရက်မှာကျန်ရစ်ခါ
အသည်းထဲ စုတ်နဲ့ထိုးသလိုပဲ ထင်ကျန်ဆဲ
မေ့မရပါ အရင်အတိုင်းပဲ
နှစ်ဦးသားထဲပဲ နားလည်ခဲ့ အကြင်နာများ ကျောင်းရဲ့အုတ်ခြုံဖူလေးမှာ
စွန်းထင်းခဲ့တဲ့ အနမ်းများစွာ လွမ်းလိုက်တာ
Em
Cho: ဟိုတစ်ချိန်က ကျောင်းတော်ကြီးကို လွမ်းနေလို့ပါ
D
နင်စိတ်ဆိုး စိတ်ကောက်တိုင်း ငါ ချော့ခဲ့ဖူးတာ
C
အရောင်ပြယ်တဲ့ ဓာတ်ပုံလေးတွေ ကြည့်လိုက်တိုင်းငါ
Bb
လွမ်းလိုက်တာ
Em
ငါနေ့တိုင်း အလွမ်းတွေထဲမှာ မျောနေခဲ့တာ
D
ငါဆိုတဲ့ သီချင်းကို ကြားရင်သတိရပေးပါ
C
ဟိုတစ်ချိန်က နေ့ရက်လေးတွေ မမေါနိုင်လို့ပါ
Bb Em
လွမ်းလိုက်တာ ငါနင့်ကိုလွမ်းလိုက်တာ
V.3 အပေါင်းအသင်းများနဲ့ ပြုံးပျော်ခဲ့တဲ့ အချိန်တွေများ အတိတ်နေ့ရက်မှာ ကျန်ရစ်ခါ
သိပ်ချစ်ခဲ့တဲ့ နင့်ကိုလည်း ဒီရင်ထဲ မေ့မရပါ အရင်အတိုင်းပဲ
အိပ်လို့မရတဲ့ညတွေတိုင်း အဖော်တွေနဲ့ မင်းအိပ်စက်တဲ့ အဆောင်ရှေ့မှာ
ဆိုညည်းခဲ့တဲ့ သီချင်းများစွာ လွမ်းလိုက်တာ
C D
Pre: အလွမ်းတွေကို စမ်းရေလို မမျှောနိုင်ခဲ့
C Bb
ငါ့ရင်မှာ ထွေးပိုက်ဆဲ
12:20 PM 5/13/2013

No comments:
Post a Comment