ရေး - ဟန်ထူးလွင်
ဆို - Big Bag
တွေ့ခွင့်မရ အချိန်တွေရယ် များလွန်းသလား
ဘယ်ဝဋ်ကြွေးကြောင့် မင်းနဲ့မနီးစပ်တာ
အဖြေရှာမရ အတူနေဖို့က အဝေးကြီးမှာ ငါစောင့်စား
စုံတွဲလေးများ အတူတူယှဉ်တွဲသွားကြ
မနာလိုစိတ်နဲ့ကြည့်ရ ငါ့အဖြစ်ကို မြင်ရဲ့လား
ဒီလိုအချိန်ရောက်မှ နောက်လှည့်ဖို့ပြင်ဆင်မလား ဒီအတွေးနဲ့ငါ့မှာ
မင်းနဲ့ငါ ဘာဆက်ဖြစ်ကြမှာ ကြိုတင်တွေးထားသလား
ပြန်ပြီးပြောခဲ့ပါ ငါမျှော်လင့်နေတာ အကုန်ပျက်စီးသွားမလားကွာ
ငါ့အဖြစ်ကို တစ်ချက်စဉ်းစားကြည့်ပါ နေနိုင်တဲ့နင့်အတွက် ငါဘာမှ မပြောတော့ပါ
ဒီအနာဂတ်တွေဟာ အိပ်မက်တော့ မဟုတ်ဘူးကွာ
နင်အလုပ်ရှုပ်နေချိန် ငါအကြောင်းလေးများ
တစ်ခါတစ်လေ စဉ်းစားဖူးသလား မမေးတော့ပါ
အဖြေက ငါထင်တာများနဲ့ လွဲလို့သာနေရ
အိပ်မက်တော့ မဟုတ်ဘူးကွာ
အိပ်မက်တော့ မဟုတ်ဘူးကွာ
အိပ်မက်တော့ မဟုတ်ဘူးကွာ
5:40 PM 4/19/2013

![]() |
Big Bag |
No comments:
Post a Comment