Wednesday, April 10, 2013

တူညီတဲ့အချစ်

ရေး - R ခိုင်
ဆို - ရှင်ဖုန်း

နားထဲက စကားလေးတွေ ကြားလိုက်ယုံနဲ့
ဘယ်လောက်ဝေးဦးအနီးလေးပဲ
တူညီတဲ့ဘဝ ဘယ်သူလာခွဲခြားမရ
ကိုယ်ချစ်တဲ့ချစ်သူ ဘေးနားမှာ ရှိခဲ့ပြီပဲ
ယုံကြည်စိတ်ချတော့ လောကကြီးထဲ
တူညီတဲ့အချစ် ဘယ်သူလာခွဲပါစေ
ကိုယ်လေဂရုမစိုက် ကိုယ်လိုချင်တာ

ဒီတစ်ယောက်တည်း မှန်ကန်စွာရွေး
လက်ထပ်မယ့်သူ ချစ်ရတဲ့သူ တစ်ယောက်တည်းပဲ
အချစ်လည်း ဒီလိုပါပဲ မင်းရဲ့ဘဝက တို့ပါ
တို့ရဲ့ဘဝက တစ်ယောက်တည်းလေ

အနမ်းလေးတွေ ပေးစမ်းပါ နေ့ရက်တွေတိုင်း
ကျန်တာအရေးမကြီးဘူး ထားခဲ့လိုက်
ပျော်ရွှင်ခြင်းနဲ့ နေချင်တယ် မင်းရဲ့အနား
ကိုယ်ပြောပြချင်တယ် တခြားဘဝတွေ အားကျစေဖို့လေ
ကမ္ဘာမှာ ထူးထူးခြားခြား သိပ်ချစ်လို့
တကယ်ကို လိုက်ဖက် ကြင်နာသူအတွဲလေးပေါ့
ကိုယ်နဲ့မင်းနဲ့ အတူနေချင်ပြီကွာ

ဝိုး ခရီးဆက်ကြမယ် ဘဝထဲမှာ အနီးဆုံးချစ်သူ ကိုယ်တို့နှစ်ဦး
ဝိုး ပေးပြီးသားလည်း ထပ်ပေးချင် တို့ရဲ့အချစ်တွေ မကုန်တော့ဘူး
တို့ရဲ့ဘဝက တစ်ယောက်တည်း
တို့ရဲ့ဘဝက တစ်ယောက်တည်းလေ
5:34 PM 4/19/2013

No comments:

Post a Comment