Thursday, April 25, 2013

ပြန်ဆုံမယ့်ညနေ

ရေး - ဇဝါ
ဆို - ဇော်ပိုင်

သီချင်းသစ်လေးများနဲ့ ဘဝလမ်းခရီးထဲ
ဒီရင်ခွင်ဟာ အမြဲတမ်းလွမ်းနေပါတယ်
လက်တွဲထားခဲ့ဖူးတဲ့ ညနေလေးများထဲ
ပြန်ဆုံတွေ့ကြစို့ အချစ်ဦးလေးရယ်

ရေဒီယိုအညိုရောင်လေး တေးဆိုတတ်သောအိမ်တွေ
အိမ်မှာပျော်တဲ့အချိန်တွေ ဘယ်ရောက်သွားလဲ
ရေဒီယိုသံစဉ်လေး လွင့်ပါနေတဲ့လေပြည်
ခြေရာမဲ့သောမိုင်တွေ ဘယ်ရောက်သွားလဲ
သီချင်းသစ်လေးများနဲ့ ဘဝလမ်းခရီးထဲ
ဒီရင်ခွင်ဟာ အမြဲတမ်းလွမ်းနေပါတယ်
လက်တွဲထားခဲ့ဖူးတဲ့ ညနေလေးများထဲ
ပြန်ဆုံတွေ့ကြစို့ အချစ်ဦးလေးရယ်

ရင်ခုန်သံ အပြာရောင်လေး တေးဆိုနေသောတိမ်တွေ 
ပျော်ရွှင်ရသော အချိန်မှာဘယ်ရောက်သွားလဲ
ရင်ခုန်သံအပြာရောင်လေး  ပျော်ရွှင်သောအချိန်မှာ
ဖြူစင်သော အကြင်နာ တိမ်များလဲ

9:42 PM 4/28/2013


ဇော်ပိုင်

No comments:

Post a Comment