Thursday, April 25, 2013

မရှိတော့ဘူး


ရေး - စောခူဆဲ
ဆို - ထွဏ်းထွဏ်း

ခုံမင်ခဲ့ဖူးတဲ့အနမ်းများစွာ ဆိတ်သုံးကာ ပျောက်ကွယ်သွားပြီလား
ရင်ခုန်သံများနဲ့ အဆိပ်ပြေညတွေ မနက်လင်းမှအချစ်တွေ ထပြန်သွား
မင်းမရှိတော့တဲ့ ရွှေရောင်မနက်မှာ အရာရာစိတ္တဇ ဖြစ်နေသလား
ဆုံးရှုံးခြင်းနဲ့ ဝေးကွာခြင်း မုန်တိုင်းကြီးတစ်ခုလို
ကိုယ့်ရင်ထဲတိုက်ခိုက်ကြ သေကုန်ပြီအကြင်နာ အချစ်များ
(အားလုံး ပျောက်ကုန်ပြီ မီးခိုးငွေ့အဖြစ် ကောင်းကင်ကို
အချစ်များ တည်နေရာတွေရွေ့နေပြီ သွားပြီးမရှိတော့ဘူး
(အားလုံး)၂ အရည်ပျော်သွား နှုတ်ဆက်ထွက်လို့သွားပြီလေ
အချစ်ရဲ့အနှစ်ရဲ့ အရသာများ သွားပြီမရှိတော့ဘူး)
အကြင်နာအနံ့များ အခန်းငယ်ထဲမှာ ကျန်နေတယ် ကျုပ်တော့ရူးမှာပဲ
ရှေ့ဆက်ရမယ့်မနက်ဖြန်များရယ် ဆိုးဝါးပြီးစုတ်ပြတ်ခြောက်ကပ်သွား ကိုယ်ငိုနေတယ် အသည်းကွဲသွားလို့ပဲ (အသည်းတွေကွဲလို့သွားတာပဲ)
ဒဏ်ရာတွေကို အချစ်ကထားခဲ့တယ် သိပ်ချစ်ခဲ့ရတယ် အရာရာဆိုင်တာမင်းပဲ
အချစ်လေး အဆုံးသတ်ကြည့်တော့ ကိုယ်ရူးပြီပဲ ဟိုး
ကိုယ်ငိုနေတယ် အသည်းကွဲသွားလို့ပဲ (အသည်းတွေကွဲလို့သွားတာပဲ)
ဒဏ်ရာတွေကို အချစ်ကထားခဲ့တယ် သိပ်ချစ်ခဲ့ရတယ် အရာရာဆိုင်တာမင်းပဲ
အချစ်လေး အဆုံးသတ်ကြည့်တော့ ကိုယ်ရူးပြီပဲ ဟိုး
ဟိုး ဟိုး ဟိုး

10:13 PM 4/28/2013


ထွဏ်းထွဏ်း

No comments:

Post a Comment