Friday, April 19, 2013

မင်းမရှိလို့မဖြစ်ဘူး



ရေး  - မျိုးကျော့မြိုင်
ဆို   -  ဂရေဟမ်

မျက်လုံးကလေး ပိတ်လို့ သူ့ စကားလေး ကိုယ်ရင်ခုန်ခဲ့ဖူးတယ်
ဘေးနားမှေးစက် သူ့ အနမ်းလေး ဘယ်အခါမှ မမေ့ဘူးကွယ်
နေ့ ရက်တွေ စောင့်လို့ နေ အတွေးညတွေ အိပ်မက်ရှည်

လမ်းလေးလျှောက်လို့ ကိုယ့်ပုခုံးလေးထက် သူလေ မှီခဲ့ဖူးတယ်
လမ်းများပျောက်လို့ ရင်ဆိုင်အားပေးလည်း ကိုယ်လေ ငိုခဲ့ဖူးတယ်
အယုအယတွေ အချော့အမော့တွေ တမ်းတနေ လိုအပ်ချက်လေး

မင်းမရှိလို့ တကယ် မဖြစ်ဘူး သိလား (မင်းမရှိလို့ မဖြစ်ဘူး)
ကိုယ့်ဘဝအတွက် အလိုအပ်ဆုံး သိလား
မင်းမရှိလို့ တကယ်မဖြစ်ဘူး သိလား (မင်းမရှိလို့ မဖြစ်ဘူး)
မပြောင်းလဲဘဲ ရင်မှာ ရှိနေမလား

သိပ်ချစ်တဲ့ စကားလေး သူပြောရင်း
အတူတူ ရင်ဆိုင်ဘဝတွေ အမြဲတမ်း မင်းအပြုံးတွေ အားပေး
ရင်မှာ တစ်သက်လုံးပဲ အပြောင်းအလဲတွေ အများကြီးလေ
တို့ အချစ်တွေ တည်မြဲပါရစေ တည်မြဲပါရစေ

No comments:

Post a Comment