Saturday, April 20, 2013

နှောင်ကြိုးလေးတစ်မျှင်



ရေး - စောခူဆဲ
ဆို  - ဘိုဘို

နှလုံးသားကို ရစ်ဖွဲ့ ခဲ့ပြီ ဒီကြိုးလေး
မမြင်နိုင်လည်း ရုန်းလို့ မရတော့ဘူး
သူ့ ဆွဲငင်အား လွှဲမရနိုင်လို့  ဒီနှောင်ကြိုး ချည်နှောင်မဆုံး

အစွဲအလမ်းဟာ ဖြတ်တောက်မရအောင် လွန်ကဲနေ
ဒီအလှများ အသည်းက ကိုးကွယ်ခဲ့
ဘာကြောင့် ဒီလောက်များ ရစ်ဖွဲ့ နေလဲ
ဒီနှောင်ကြိုး ဖြေပါဦး

နှောင်ကြိုးလေးတစ်မျှင်ရယ် မင်းကမသိပေမယ့်
အိပ်မက်လှလှ မက်မယ် ကိုယ်မင်းနဲ့ 
နှောင်ကြိုးလေးတစ်မျှင်ရယ် ထပ်တိုး ရစ်ချည်ဆဲ
ခံစားချက်များနဲ့ ပြည့်လျှံနေတဲ့ အသည်း
ဘယ်သူလာ မြင်နိုင်မှာလဲ အကြင်နာတွေ ရောင်ပြန်ပေးကွယ်
ဒီနှောင်ကြိုး ဘယ်ဘဝအထိ ရှိနေမလဲ

အရိပ်တစ်ခုလို တမ်းတမှုဟာ ပြင်မရခဲ့ ဒီရင်ထဲ မင်းတစ်ယောက်ကိုပဲ
နှောင်ကြိုးရှင်လေး လှည့်ကြည့်ပါဦး ရင်ခုန်ရင်း မျှော်လင့်ခြင်း

No comments:

Post a Comment