Friday, April 19, 2013

အကြင်နာစစ်ရင်

ရေး - မင်းချစ်သူ
ဆို  -  ဆုန်သင်းပါရ်

ရေပြင်ကျယ်လို မင်းရဲ့ အသည်းပေါ် ကိုယ်အရုပ်ဆွဲခဲ့တာ
တိမ်လိုလေလို မင်းစိတ်များကို ဖမ်းဆုပ်မိတဲ့ ကိုယ်ဟာ
ချစ်တဲ့သူကို ငေးကြည့်ရုံသာ နှစ်သိမ့်ရမလားကွာ
အိပ်မက်တွေချည်း မက်မနေချင်ဘူး လက်တွေ့ဘ၀ထဲမှာ

မင်းအတွက် ထာဝရကိုယ်ပါ ကိုယ့်အတွက်သာ မင်းဖြစ်မလား
အကြင်နာတကယ်စစ်ရင် အသွားနဲ့အပြန်ရှိမှာ
လား လာ လာ လာ ..... ယုံပါ
လား လာ လာ လာ ..... ကိုယ့်အချစ် မင်းဆီမှာ
လား လာ လာ လာ ..... တစ်ချိန်မှာ
သွားတဲ့အချစ်နဲ့ တူညီမှုများ ပြန်လာနိုင်ဦးမလား

တောင်နံရံဆီ ထုတ်လွှင့်လိုက်တဲ့ အသံရဲ့ လှိုင်းများပမာ
လေဟာနယ်မှာ ပျောက်ကွယ်မသွားအောင် မင်းဘက်က
တုံ့ပြန်ပါ ချစ်တဲ့သူကို ကြိတ်ချစ်ရုံအပြင် ဒီထက်မပိုဘူးလား
အဝေးအချစ်တွေနဲ့ မတင်းတိမ်နိုင်တာ မင်းနားလည်ပေးပါ
ကြင်နာတာ အလျားအနံမရှိလည်း အသွားရယ် အပြန်ရယ် ရှိသင့်သတဲ့ ယုံပါ
ကိုယ့်ရဲ့ဗိမာန် ကိုယ့်ရဲ့ မနက်ဖြန် ကိုယ့်အချစ် မင်းဆီမှာ
အချစ်တွေ အကုန်လုံး ဘ၀ကိုပုံကာ ချစ်ခဲ့သမျှတစ်ချိန်မှာ
သွားတဲ့အချစ်နဲ့ တူညီမှုများ ပြန်လာနိုင်ဦးမလား

No comments:

Post a Comment