Friday, April 19, 2013

သေသည့်တိုင်အောင်ချစ်နေမယ်

ရေး  - စောနဲသာ
ဆို   - ဂရေဟမ်

တို့နှစ်ဦးရဲ့ နှောင်ကြိုးများ အထပ်ထပ် ရစ်ပတ်ထား
ကိုယ်စီ ကတိနဲ့ ရှိထားတယ် ဘယ်လိုကြောင့် ဝေးကြရလဲ
ရည်ရွယ်ထားခဲ့ ဘ၀အတွက် တို့အနေဝေးခဲ့လည်း

ပြန်ဆုံချင်တယ် ရင်မှာ အမြဲ ဆုတောင်းနေတယ်
ရင်မှာရှိတဲ့ သံယောဇဉ် ဖြေသိမ့်ရင်းနဲ့ လမ်းတွေဝေး
ငါလေ ကျောခိုင်းလျှောက်နေခဲ့တယ်
ဘ၀လမ်းက အရမ်းကြမ်းတယ် ဆိုးညစ်တဲ့
ဘ၀ခရီးအတွက် အချစ်တွေ ငါစတေးခဲ့တယ် ကြင်နာသူရယ်
တစ်ချိန်မှာ မင်းလေး နားလည်မယ်

ဘ၀မုန်တိုင်းများကြောင့် တို့နှစ်ယောက်တကယ်ဝေး
တမ်းတရင်းနဲ့ လွမ်းလှပြီ
ဒါဟာ တို့အတွက် အလွမ်းဆုပဲ အချစ်ရယ် မငိုနဲ့
သေသည့်တိုင်အောင် ချစ်နေမယ်

No comments:

Post a Comment