Tuesday, April 9, 2013

ကွဲနေသောမှန်စများ

ရေး  - စိုင်းခမ်းလိတ်
ဆို   - စိုင်းထီးဆိုင်

လမ်းပေါ်မှာ အရက်သမားတစ်ယောက် မူးလဲနေတယ်
ယမ်းယောင်ကာ သီချင်းတစ်ပိုင်းတစ်စညည်းညူနေတယ်
လောကကြီးရဲ့ မတရားပုံလား လောကသားရဲ့ မှားပုံလား
နှစ်ခုစလုံးများလား မပြောတတ်တယ်

(ငါမမူးသေးဘူး ငါမမူးသေးဘူး
မန
လေးကျုံးရေ မခမ်းသမျှတော့) ၂

ဆေးရုံမှာ ကျောင်းသားတစ်ယောက် ဖိုးဖြတ်နေတယ်
ယမ်းယောင်ကာ သီချင်းတစ်ပိုင်းတစ်စ ညည်းညူနေတယ်
မိဘကပဲမသိတာလား မပြောတတ်တယ်
((ငါမစွဲသေးဘူး)၂ အမေ့ရဲ့မျက်ရည် မခမ်းသမျှတော့) ၂

သုဿန်မှာ သူတောင်းစားတစ်ယောက် အိပ်မက်နေတယ်
ယမ်းယောင်ကာ သီချင်းတစ်ပိုင်းတစ်စ ညည်းညူနေတယ်
အပေးအကမ်းကပဲ နည်းတာလား အစားအသောက်ကပဲ
ကြီးတာလား နှစ်ခုစလုံးများလား မပြောတတ်တယ်
((ငါမငတ်သေးဘူး)၂ ဗုဒ္ဓတရားရေ မခမ်းသမျှတော့) ၂

www.mmlyric.blogspot.com


No comments:

Post a Comment