Wednesday, April 10, 2013

မြို့ပြနဲ့ကျွန်တော်

ရေး - အရိုး
ဆို - အဲလက်စ်

ဒီနေ့တစ်ရက်အားလို့ သီချင်းရေးမလားစဉ်းစား
နားအေးပါးအေး တံခါးလေးသော့ခတ်ထား
စာအုပ်ဟောင်းတစ်ခု အရှေ့မှာ အသာအယာချ
ဂစ်တာကို ကြိုးတပ်ပြီး အသံကိုစမ်းတုန်းမှာ
ဟိုဖက်ခန်းက အုတ်နံရံ သံရိုက်သွင်းသံကြား
ကန်ထရိုက်တိုက်ပဲမို့ ဒီလောက်တော့အေးဆေးပါ
၁၅ မိနစ်လောက်ထိ စောင့်ကြည့်လိုက်တဲ့အခါ
ငြိမ်သက်သွားလို့ အသစ်ကတစ်ခါပြန်စ
အာရုံရတဲ့ တစ်ပိုဒ်ထပ်တွေးတုန်းမှာ
ငါ့နှာဖူးတည့်တည့်ကို လာမှန်တာ သတင်းစာ

တော်ပါပြီစိတ်ကုန်တယ် တောထဲက သစ်ပင်ပေါ်မှာ သွားနေမယ်
ကျားကြီးပဲ ကိုက်သေသေငါ ကျေနပ်တယ်
အားလုံးအားလုံး အေးဆေး

ငါထွက်သမျှ ဒေါသတဖြည်းဖြည်း စိတ်လျော့ချ
ငါရသလောက်လေးပဲ အတင်းရေးဖို့ကြိုးစား
ဒီလိုအလိုက်မသိတဲ့လူတွေကြား အာရုံအတင်းဖမ်းပြီး
ဈာန်သွင်းတုန်းမှာ လင်မယားထချလို့ ပန်းကန်တွေကွဲသံကြား

ဒီမြို့ပြစရိုက်နဲ့ ကျုပ်မကိုက်တော့ပါ
ကန်ထရိုက်တိုက်ကြီးလည်း ရောင်းပစ်မလား စဉ်းစား
အသေအချာဆုံးဖြတ်ကြည့်တော့ ကြည်လင်သွား
ငါနောက်ဆုံးတစ်ပိုဒ်အဖြစ် ထပ်ရေးတုန်းမှာ
ဟိုဖက်လမ်းထိပ်က လော်စပီကာ စက်သံကြား
9:12 AM 4/20/2013

No comments:

Post a Comment