Wednesday, April 10, 2013

မောတောင်မောတယ်

ရေး - အဲလက်စ်
ဆို - အဲလက်စ်

ဟေး ငါအိမ်မှာမနေတော့ဘူးကွယ်
တစ်နေကုန်လျှောက်သွားပြစ်မယ် မတားပါနဲ့ သူငယ်ချင်းတွေနဲ့ကွယ်
ဟေး Blazon ကိုငါရောက်တယ်
Wagon R Suzuki ကားနဲ့ ဖုန်းကိုဆွဲ မင်းကိုတွေ့တယ် ဘယ်သူလဲကွယ်

(တစ်ချို့ကဈေးဝယ် ဟိုဟိုဒီဒီ ငါထိုင်ငေးကြည့်တယ် အားလုံး
မြင်နေတာတွေအကုန်လုံးလှတယ် မောတောင်မောတယ်)၂

ဟေ့ ဒဂုံစင်တာ ငါထပ်သွားမယ်
လာပါကွယ် သူငယ်ချင်းတို့ရယ် မငြင်းပါနဲ့ လျှောက်ကြည့်ဦးမယ်
လျှောက်ကြည့်လို့မဝခင်မှာ ကိုကိုဗြူးတီးစလွန်းကို ရောက်တယ်
ဆံပင်တွေကိုကောက်ပြီး တစ်မျိုးလေးလှနေတဲ့ မင်းကိုတွေ့တယ်

ဒီအချိန်ဆို ငါတို့ရည်းစားတွေ
ပုံမှန်အချိန်ကြိုနေကျ နောက်ကျသွားတာနဲ့ စိတ်ဆိုးနေမယ်

အားလုံးကျောင်းဆင်းချိန်မှာ ဘယ်နေရာ ဘယ်ကိုသွားကြမလဲ
ဒီအချိန်သူတို့ပြောတဲ့စကားတွေက ဈေးဝယ်ဦးမယ်
8:37 PM 4/19/2013

No comments:

Post a Comment