Saturday, April 20, 2013

မမေ့နိုင်ဘူး

ရေး - ကေအေတီ
ဆို - အငဲ

ညလေးမှောင်မဲ တိမ်ညိုတွေကြား အလင်းပျောက်ကွယ် (အို) ဒီလိုညမျိုး အိပ်လို့ပျော်အောင် လာပြီး ဘယ်သူကများ နှစ်သိမ့်မလဲ မင်းကို ငါတကယ် မမေ့သေးဘူး

လမ်းတစ်ဖက်ကြည့်ရင်း အတိတ်တို့ ထွက်ပြေး
ကြိုးစားမေ့တောင် ငါမေ့မရပါ
အိပ်မက်လေးမက်ရုံနဲ့ ငါကြေကွဲတတ်ပြီပဲ
အရာရာ အရင်အတိုင်း ငါဟာ မမေ့နိုင်ဘူး

ဘယ်သူမှမရှိဘူး သန်းခေါင်ယံအောက် ငါ့တစ်ယောက်တည်း အချစ်ရယ်
သိမ်ငယ်ကြေကွဲ ငါ့စိတ်တွေဟာ လောင်ကျွမ်း ဘယ်လိုပြန်ငြိမ်းသတ်ရမလဲ
(အို) မင်းပြောပါ လွယ်လွယ်ထွက်မသွားနဲ့

လမ်းတစ်ဖက်ကြည့်ရင်း အချစ်များ တောင့်တမိ
တို့ခဏလောက်သာ ဆုံခွင့်ရရင်
ဒီလိုအိပ်မက်များနဲ့ ငါမကြေကွဲပါရစေနဲ့
ဘာမဆို အရင်အတိုင်း ငါဟာမမေ့နိုင်ဘူး

အားလုံး မမေ့နိုင်ခြင်းများ
အားလုံး အရာရာအားလုံး

ပြန်မရရှိတော့လဲ ဟိုတုန်းကအချစ်နဲ့ ပျော်ရွှင်စရာ ငါ့ဘဝ နင်ယူသွား
အိပ်မက်လေး မက်ရုံနဲ့ ငါကြေကွဲရပြီပဲ
ဘာမဆိုအရင်အတိုင်း ငါဟာ မမေ့နိုင်ဘူး
ငါ တကယ်ကို မမေ့သေးဘူး ငါဟာမမေ့နိုင်ဘူး

7:10 PM 4/22/2013

အငဲ

No comments:

Post a Comment