Saturday, April 20, 2013

ဟိုအရင်လို

ရေး - Bunny Phyo
ဆို - Bunny Phyo

ဟိုအရင်လိုအချိန်တွေကို ပြန်လွမ်းနေလို့လည်း မထူး
လက်ရှိလျှောက်ရမယ့်လမ်းကိုပဲ ရွေးချယ်အခု
မင်းအကျပ်ရိုက်ပြီး ဒုက္ခရောက်မယ့် အဖြစ်တွေကိုလည်း မပေးခဲ့ဘူး
တစ်နေ့နေ့ ငါတို့ဒီလောက်ထိဖြစ်ကြမယ်လို့လည်း မတွေးခဲ့ဘူး
အခုတော့ နှစ်ယောက်က တစ်ယောက်တစ်ဖက်မို့ မဆုံနိုင်လေတော့ဘူး
ကိုယ်ပိုင်ပျော်ရွှင်မှုဖန်းတီးပြီး တခြားဆီသာ နေတော့အခု
မင်းပေးတဲ့အမှတ်တရတွေသိမ်းထားတယ် အမုန်းဒဏ်ရာ အနမ်းတခု
ရင်တစ်ခုလုံး စုတ်ပြတ်ပြီး ကျန်ခဲ့လည်း ငါမမုန်းဘူး
မင်းကို အရင်လိုအခြေအနေအထိငါလွမ်းနေလည်း
အတင်းကို ပြန်မလာဘူးလို့ ခေါင်းကိုရမ်းနေခဲ့
အတွေးတွေထဲ နင်ဝင်လာ ငါလေ ရူးနိုင်တယ်
အခုတိုင်လည်း ငါမေ့လို့မရခဲ့

ဟိုအရင်လိုမဖြစ်တောင် သူငယ်ချင်းအဆင့်လောက်တော့
ထားပါ Girl ငါ့အားလှည့် နင်သနားပါကွယ်
ဟိုအရင်လိုမဖြစ်တောင် အရင်ကအမှတ်တရဟောင်းတွေကို
ဒီနေရာမှာတင် ပြစ်မသွားပါနဲ့

ပြစ်လို့မသွားပါနဲ့ မေ့လို့မရနိုင်ခဲ့ အမှတ်တရများစွာလည်း သိမ်းဆည်းထားဆဲပါ
အခုထိငါ့အိပ်မက် မက် ငါ့အတွေးထဲမှာ မှာ
မင်းတစ်ယောက်တည်းပဲလေ ဒီနှလုံးသားရဲ့ အလင်းပါ
ဟိုအရင်လို လက်တွဲလို့ လျှောက်ချင်ဆဲ
လမ်းမများထက် ညဥ့်နက်တဲ့ထိပဲ မင်းနဲ့အမြဲရှိချင်
တောင်းတဲ့ဆုတို့ မပြည့်ခင် မင်းစကားလေးထဲပဲ အလွမ်းတို့စီးဆင်း
မင်းအတွက် ရေးစပ်ထားတယ် ဟိုအရင်လို Remix
4:50 PM 4/19/2013

No comments:

Post a Comment