Saturday, April 20, 2013

ဂီတစစ်

ရေး - ကျော်သူစိုး
ဆို - ကျော်သူစိုး၊ ရေဗက္ကာဝင်း

ဂုဏ်မာန်တွေမလိုပါ ဖက်ရှင်တွေအပိုပါ
တကယ်လိုနေတာ ဂီတစစ်တစ်ခုပါ
ဟန်ဆောင်နေသူတွေဟာ ကြာရှည်စွာမခံပါ
လူငယ်တွေမှာ တကယ်လိုနေတာဟာ ဂီတစစ်တစ်ခုပါ

Rock Beat နဲ့လည်း ဆိုလိုက်ဦးမယ် ကျွန်တော့် Rap
Pank Beat နဲ့လည်း ဆိုပစ်လိုက်မယ် ကျွန်တော် Rap
Hip Hot Beat ဆိုသိပ်ကြိုက်တယ်ဗျ
ပြန်ဆိုတေး ဆိုလည်း ပါလေရာ ငပိချက်
နေထိုင်ပုံက ဘယ်လိုလဲ မမေးနဲ့
ရင်ခုန်သံမှာ MC နဲ့ ငါ့ Rap
အပြင်ပုံစံမှာ ငါဟာ စုတ်ပြတ်သတ်

ဦးထုပ်နောက်ပြန်ဆောင်းလည်း Rapper မဟုတ်ဘူး
ဘောင်းဘီဂွကျလည်း Rapper မဖြစ်ဘူး
ဆံပင်ရှည်ထားတိုင်း Rocker မဟုတ်ဘူး
Rider ဝတ်လည်း Rocker မဖြစ်ဘူး
နေချင်သလိုနေလည်း Alter မဟုတ်ဘူး
စတိုင်ပန် ဝတ်လည်း Gentlemen မဖြစ်ဘူး
အချွန်အတက်တွေနဲ့ Pank မဖြစ်နိုင်ဘူး
ရွံတတ်ရင်လည်း ငါ့ပါးစပ်မပိတ်ဘူး

မြန်မာပြည်ရဲ့ ဂီတမှာ တကယ်လိုနေတာ ဂီတစစ်တစ်ခုပါ
10:41 AM 4/20/2013

No comments:

Post a Comment