Saturday, April 20, 2013

အချစ်ဦးပုံပြင်

ရေး - အငဲ
ဆို - အငဲ

အခုလိုဇတ်သိမ်း
အဆုံးသတ်လိမ့်မယ် ကြိုမြင်ပေမယ့်လေ
ငါ့အတွေးတွေ ရှုပ်နေဆဲ
တကယ် စွန့်လွှတ်ရချိန် မဖြေနိုင်ပါလားကွယ်

အချစ်ကို မေ့ပြီး
တစ်ဖက်သတ် ငါ့ရဲ့အမှား မင်းမှတ်ယူလိုက်ပါ
မဆုံစည်းနိုင် အချစ်ရဲ့လမ်း
မလျှောက်ရက်တော့ပါ အချိန်မှီ ပြန်စွန့်ခွာ

ချစ်သူရေ
မင်းမျှော်လင့်ချက်ထားကာ အားငယ်နေမလား
ငါရက်စက်လွန်းတယ် မြင်လိုက်တော့
ငါသစ္စာမဲ့သူ တစ်ယောက်ထင်မြင်လိုက်
မုန်းပါ မေ့ပါတော့ အချစ်ဦးလေးရယ်

အချစ်ကိုစွန့်ပြီး
ဘယ်သူမှ မသိနိုင် ငါ့အသည်း တစ်စစီ ကွဲလို့
ရင်အတွင်း ဒဏ် ကြည့်စမ်း
နှစ်သိမ့်မရတဲ့ ငါ့မျက်ရည်စက်တို့

အခုတော့ တို့ ဝေးကြပြီ
10:45 AM 4/20/2013

No comments:

Post a Comment