Sunday, April 21, 2013

အချစ်မဲ့နိဂုံး


ရေး - ညီသစ်
ဆို  - ဝိုင်ဝိုင်း

ဝေးကြပြီအချစ်လေး မင်းနဲ့ ဇာတ်သိမ်းပြီ
မျှော်လင့်မထားဘဲ ကျတဲ့မျက်ရည် ငါ့မှာ အရူးတစ်ပိုင်းဖြစ်နေ(ပါ) ပြီ
လူသူမရှိတဲ့လမ်း (ပေါ်)မှာ ယုံကြည်မှုတွေ ပျက်ကုန်ပြီ
တို့ နှစ်ယောက်ဟာ ခွဲခွာ အဝေးကနေတော့မှာ

မင်းရဲ့ နံမည်လေး မေ့လိုက်ပြီအချစ်ရေ
(အရင်လို) တို့ ရဲ့ အတိတ်နဲ့ ပတ်သက်မှုတွေအားလုံး မတွေးချင်ပါ(ဘူး)
ရင်မှာ မင်းအတွက်ရတဲ့ ဒဏ်ရာတွေ ငါမေ့ပစ်လိုက်ပါမယ်
တို့ ရဲ့ ဇာတ်သိမ်းကို အဆုံးသတ်ပါတော့မယ်

မင်းအတွက် ကျခဲ့မျက်ရည် အတားအဆီးမဲ့ခဲ့တယ် အချစ်ရေ
နှလုံးသားများလည်း တစ်စဆီကွဲခဲ့ပြီလေ
ရင်မှာလေ ဒဏ်ရာများနဲ့ ငါမေ့လိုက်မယ်
ဝမ်းနည်းစွာ မေ့ပစ်လိုက်နိုင်ဖို့ ငါ့မျက်ရည်သုတ်လိုက်မယ်

တို့ နှစ်ယောက်ဟာ ခွဲခွာ ဝေးကြပြီအချစ်ရေ
တို့ ရဲ့ ဇာတ်သိမ်းကို အဆုံးသတ်ပါတော့မယ်
တို့ နှစ်ယောက်ဟာ ခွဲခွာ ဝေးနေကြပြီ

No comments:

Post a Comment