Sunday, April 21, 2013

နှလုံးသားရှာသူ

ရေး - ညီသစ်
ဆို  - ဝိုင်ဝိုင်း



ငါလိုချင်နေတာ နှလုံးသားအစစ်ပါ ငါရရှိတာ ရောင်စုံခြယ်များ
ဒီကမ္ဘာကုန်အောင် လမ်းလျှောက်လို့ ရှာမယ်
ပေပေတေတေ ငါဆုံးဖြတ်ခဲ့တယ်
ငါ့ခရီးလမ်းဟာ အန္တရာယ်တွေများ
ဇာတ်သိမ်းလှဖို့ အချစ်တစ်ခု ရှာဖွေနေဦးမယ်

(ကမ္ဘာမြေပြင် အဆုံးထိအောင် ရွက်လွင့်လို့ ငါဖွေရှာ
ရှာမှရှားတယ် နှလုံးသားများ အရောင်ဆိုးထား
ကွေ့ ကောက်တဲ့လမ်းကြမ်းမှာ
မျက်ရည်များစီးခဲ့တယ် မောပန်းလွန်းပြီ)

ဂစ်တာကိုင်ကာ ခရီးဆက်ခဲ့တယ် ပင်လယ်ပြင်များ
ဒီကမ္ဘာပေါ်မှာ အချစ်မရှိတော့ပြီလား
ငါရှာဖွေနေတာ နှလုံးသားအစစ်ပါ အိပ်မက်နိဗ္ဗာန် ဘယ်ဆီ ဘယ်မလဲ
ဇာတ်သိမ်းလှဖို့ အချစ်တစ်ခု ရှာဖွေနေဦးမယ်

ငါရှာဖွေနေတာ အချစ်စစ်တစ်ခုပါ
ဇာတ်သိမ်းလှဖို့ အချစ်တစ်ခု ရှာဖွေနေဦးမယ်
 

No comments:

Post a Comment