Sunday, April 21, 2013

နာကျင်အောင်လုပ်ခဲ့မိပြီ

ရေး -
ဆို - စိုင်းထီးဆိုင်

ကိုယ်ရဲ့ရင်မှာ ဘယ်လိုရှိမယ် မင်းတကယ်ကိုမသိဘူးလား
သိရက်နဲ့ မသိယောင်ဆောင်ခြင်းလား ချစ်တဲ့သူပေါ်တောင်
မထုံတတ်တေးနဲ့ မင်းအပြုအမူ ခံရဆုံး
ပညာရှိနည်းနဲ့နှိပ်စက်တာလား
ကိုယ်ခံနိုင်သလောက်တော့ အံ့ကြိပ်ပြီးတင်းပါတယ်
ဒါပေမယ့်လည်းလူဆိုတာ အားနည်းချက်တွေနဲ့

အို  ကလှည့်စားတော့မဟုတ်ပါ စိတ်မထိန်နိုင်ခြင်းသာ
ကိုယ်လေမင်းကိုနာကျင်အောင်လုပ်ခဲ့မိပြီ
အချစ်ကြီးလေလေ အမျက်ကြီးလေလေ
မင်းမစဉ်းစားမိဘူးလား စိတ်ချလို့အစွမ်းတွေပြသလား
ယောင်္ကျားဆိုတာ သိက္ခာကိုထိပါးတော့ ဒေါသအိုးပေါက်ကွဲတတ်တယ်
ကိုယ်ခံတဲ့အလှည့်ကျ မင်းပြုံးနိုင်မလား
အနိုင်ယူချင်တိုင်းလည်း ရန်တွေထပြီးမဖြစ်ပါနဲ့
ဘယ်လိုပြန်တွက်တွက် တကယ်တော့နှစ်ဖက်စလုံးအရှုံးပါပဲ
အို  ခွင့်လွတ်ပါအချစ်ရယ်  ချစ်အမိုက်မှောင်ဖုံးပြီ
ကိုယ်လေမင်းကိုနာကျင်အောင် လုပ်ခဲ့မိပြီ

12:54 AM 4/29/2013
စိုင်းထီးဆိုင်

mmlyric.blogspot.com

No comments:

Post a Comment