Sunday, April 21, 2013

ကြားလူဖျက်လို့ပျက်မှာစိုး

ရေး -
ဆို - စိုင်းထီးဆိုင်

မင်းမချစ်လို့တော့ ဆယ်ခါပြန်ကိုယ်ကွဲရဲတယ် အချစ်ရယ်ဘာမှမဆိုင်ဘဲ ကြားလူဖြတ်လို့ပြတ်မှာစိုး
မင်းဆီကိုသူတို့လာရင် ကိုယ့်ရဲ့မကောင်းကြောင်းတွေပြောမယ် ကိုယ်ဆီကိုသူတို့လာရင်မင်းရဲ့မကောင်း
ကြောင်းတွေပြောတယ် အစထဲကမှအဆင်မပြေတဲ့ကိုယ်တို့ဘဝပါအချစ်ရယ်
ရေပြည့်တဲ့အိုးတစ်စက်ပိုလေးလည်းလျှံမယ် မင်းဆီကိုသူတို့လာရင်ကိုယ်ရဲ့အတင်းအဖျင်းတွေပြောမယ်
ကိုယ်ဆီကိုသူတို့လာရင်မင်းရဲ့အတင်းအဖျင်းတွေပြောတယ်
ပျော့ကွက်ကိုနင်းချည်းကပ်ကြမယ် စဉ်းစားကြည့်ပြီးယုံသင့်မှယုံ မကျတ်တဲ့အနာဟောင်းတုတ်နဲ့ဆွတယ်
အမှိုက်ကလေးကမီးစလောင်တတ်တယ် လွဲပြီးမှပဲမပြင်နိုင်တဲ့နောင်တရမယ် အချစ်ရယ်

မနာလိုလို့ပြောတဲ့ကြားလူစကားသွားနားမယောင်နဲ့ မင်းရင်မှာခံစားတာတွေကိုယ်ထက်ဘယ်သူကသိမှာလဲ
ကိုယ်ရင်မှာခံစားတာလည်း မင်းထက်ဘယ်သူကသိမှာတဲ့လဲ

 အစထဲကမှအဆင်မပြေတဲ့ကိုယ်တို့ဘဝပါအချစ်ရယ်
ရေပြည့်တဲ့အိုးတစ်စက်ပိုလေးလည်းလျှံမယ် မင်းဆီကိုသူတို့လာရင်ကိုယ်ရဲ့အတင်းအဖျင်းတွေပြောမယ်
ကိုယ်ဆီကိုသူတို့လာရင်မင်းရဲ့အတင်းအဖျင်းတွေပြောတယ်
ပျော့ကွက်ကိုနင်းချည်းကပ်ကြမယ် စဉ်းစားကြည့်ပြီးယုံသင့်မှယုံ မကျတ်တဲ့အနာဟောင်းတုတ်နဲ့ဆွတယ်
အမှိုက်ကလေးကမီးစလောင်တတ်တယ် မင်းမချစ်လို့တော့ဆယ်ခါပြန်ကိုယ်ကွဲရဲတယ်

မနာလိုလို့ပြောတဲ့ကြားလူစကားသွားနားမယောင်နဲ့ မင်းရင်မှာခံစားတာတွေကိုယ်ထက်ဘယ်သူကသိမှာလဲ
ကိုယ်ရင်မှာခံစားတာလည်း မင်းထက်ဘယ်သူကသိမှာတဲ့လဲ

10:21 PM 4/24/2013

စိုင်းထီးဆိုင်

mmlyric.blogspot.com

No comments:

Post a Comment