Wednesday, April 10, 2013

အိပ်မက်ထဲကချစ်သူ

ရေး - အငဲ
ဆို - ကြိုးကြာ၊ စင်ဒီ

အခုတလောငါညတိုင်းကွယ် အိပ်မက်တွေသိပ်ဆန်းကျယ်
ငါအရင်မကြုံခဲ့ဘူး အချစ်အိပ်မက်များ ရင်ခုန်သံတွေ မင်းပြုစား
သူငယ်ချင်းတွေက ပြောတယ် နင်ရူးနေတာဖြစ်မယ်
ဘယ်သူဘာပြောငါ့ရင်မှာ အပြင်မှာ ဆုံ့တွေပါရစေလား

အိပ်မက်ထဲက ချစ်သူ ငါစွဲလန်းလို့နေတာ
မင်းကိုချစ်တဲ့ အချစ်မျိုး မချစ်ခဲ့ဘူးပါ
အတိတ်က ဖူးစာရှင်ပဲလား
ငါမင်းနဲ့ ဆုံပါရစေသား အပြင်မှာ တကယ်ဆုံပါရစေ
အိပ်မက်ထဲက ချစ်သူ ငါသိပ်ချစ်မိနေတာ
အချစ်တွေ အချစ်တွေရင်ထဲ အသည်းမှာ
တို့တွေ့ရင်ကွာ နေပါရစေ မင်းရဲ့နံဘေးမှာ

ငါမင်းပုံတူဆေးခြယ် ငါ့အခန်းမှာ ချိတ်ထားတယ်
အိုတစ်ခါတစ်လေ ယောင်ပြီးကြားမိသလိုပဲ ခေါ်သံလိုငါ့အခန်းထဲ

ဒီညအိပ်မက်ဦးမလား တကယ်ကိုတို့ဆုံနိုင်ပါ့မလား တို့ဆုံတွေ့ပါ့မလား
ပုံပြင်တွေလိုများ မင်းနဲ့ငါ့ကြား ကျိန်စာဆိုတာမျိုးရှိသလား

အို အိပ်မက်လေး အိပ်မက်လေး အိပ်မက်လေး
တို့ တကယ်ဆုံနိုင်ပါ့မလား
10:08 AM 4/20/2013

No comments:

Post a Comment