Wednesday, April 10, 2013

အပြစ်မတင်ရက်ပါ

ရေး - R ခိုင်
ဆို - J Me
နောက်ထပ်လာချင်လာပါ မထူးဆန်းတော့ပါ
နှလုံးသားထဲမှာ ဒီဒဏ်ရာတွေဟာ ဝဋ်ရှိလို့သာ ခံစားခဲ့ရတာ
ဘယ်သူ့ကိုမှလည်း အပြစ်မတင်ရက်ပါ/တော့ပါ
အိပ်မရတဲ့ရက်တွေများလို့ငါ ဦးနှောက်ပျက် မနက်မထနိုင် ပျင်းရိတဲ့ဘဝအတိုင်း မင်းသိတဲ့ငါ့စတိုင် မင်းဘက်ကို ငဲ့ညှာဖို့ပြော ငါ့ပုံစံပြောင်းမယ်ထင်လား မင်းပိုပြီး ရွဲ့လာလို့ကော အခြေအနေက တစ်လွဲတွေပဲဖြစ် မိုးတွေလိုသည်းနေခဲ့ရင်း မင်းအနားမှာ ငါရှိနေလည်း ငါ့အနားမှာ အမြဲမနေတဲ့မင်း ငါ့ကို ချစ်တယ်ဆိုလည်းဖုန်းထဲမှာ ရှာတဲ့ပြဿနာတွေပေါ် ချိန်းတွေ့တာခဏလေးပဲ နောက်ပြောင်လို့ ရှက်စရာတွေပြော အိမ်မှာနေလို့ရတယ် ပြန်ချင်တဲ့အချိန်ပြော လိုလေသေးမရှိ အပိုတွေတွေးပြီး လိမ်တော့ မင်းနဲ့ငါ အငြိုးအတေးတွေများ အဓိပ္ပါယ်မဲ့ ခိုးတွေ့နေရ နှစ်ယောက်အတူ တွေ့နေကြနေရာလဲ အခိုးအငွေ့တွေအလား
နောက်ထပ်လာချင်လာပါ မထူးဆန်းတော့ပါ
နှလုံးသားထဲမှာ ဒီဒဏ်ရာတွေဟာ ဝဋ်ရှိလို့သာ ခံစားခဲ့ရတာ
ဘယ်သူ့ကိုမှလည်း အပြစ်မတင်ရက်ပါ/တော့ပါ
ပြတ်သားစွာ မှတ်ထားပါ သီချင်းပုံပြင် ငါမင်းကို တန်ဖိုးထားလို့ ရူးသွပ်တာ မင်းမယုံရင် ရဲလင်းအောင်ကိုမေး သားငယ်လည်းအသိ နှလုံးသားရဲ့သင်ခန်းစာ မျက်စိနဲ့ နားမလည်ပဲကြည့် အချစ်ကို တန်ဖိုးထားလို့ခံစားရင် ရုပ်ရှင်တွေ ဆက်ပြီးတော့ကြည့်ပေါ့ ဖန်သားပြင် ငါ့ဘဝကို သိမ်းပိုက်လို့ချန်ထားမင်း သုံးပေါ့လိုတဲ့အချိန် ချောင်ထဲမှာ မှောင်မည်းစွာ ငိုတဲ့တိမ် ပျက်စီးခဲ့ တို့ရဲ့အိမ် အခြေအနေကောင်းလာမယ့်အချိန် ငါလည်းမင်းနဲ့စောင့်နေတာပဲ မင်းဘေးနားငါရှိနေရင် မင်းဘာကိုကြောက်နေမှာလဲ ရှားပါးလို့ ပျောက်နေမှာတကယ် မင်းပြောတဲ့အချစ်စစ်လိုပဲ ရှာလို့မတွေ့ ငါတို့တွေဝေးကွာခဲ့ ဆွေးရမြဲ
နောက်ထပ်လာချင်လာပါ မထူးဆန်းတော့ပါ
နှလုံးသားထဲမှာ ဒီဒဏ်ရာတွေဟာ ဝဋ်ရှိလို့သာ ခံစားခဲ့ရတာ
ဘယ်သူ့ကိုမှလည်း အပြစ်မတင်ရက်ပါ/တော့ပါ
2:24 AM 4/19/2013

No comments:

Post a Comment