Sunday, April 21, 2013

လက်ခံလိုက်မယ်

ရေး - ကေအေတီ
ဆို - အငဲ

ဘဝကိုဖြစ်သလိုနေ အချိန်တန်သေလွန်ကြ
အဲဒီနှစ်ခုအလယ်မှာ မင်းနဲ့တို့တွေ့ကြ
အဓိပ္ပယ်ရှိစွာရယ် အကြင်နာတွေဝေမျှ
အချစ်ကိုကိုးကွယ် တူညီမယ်ထင်မှတ်ခဲ့
အိပ်မက်လိုခဏပါ တိမ်တွေလို ပြယ်လွင့်
ငါ့ကိုစွန့်ခွာ မင်းကအချစ်သစ်နဲ့
ငါနားလည်ပေးနိုင်တယ် ပျော်သလိုနေတော့
နင်းချေခဲ့သူရယ် ဒီရင်ခွင်ကြေကွဲပါစေ

ငါ (လက်ခံလိုက်မယ် လက်ခံလိုက်မယ်)၂
လရောင်တွေ့မြင်ချိန် နေရောင်ကို အလွယ်တကူမေ့
ဒီထက်ပိုပြည့်စုံတဲ့ ဘဝသို့ ဦးလှည့်
ထွက်ပြေးသူ ဝဋ်လည်အောင် ကျိန်စာတွေငါမရှိ
ကျန်ရစ်သူလွမ်းကဗျာ ချိုမြိန်စွာ ငါဟစ်ကြွေး

ငါမင်းကိုချစ်တယ်
ကျန်တာ ငါမသိ
အတိတ်ကိုလွမ်းနေမယ်
အမြဲခွင့်လွှတ်လျက်
တခြားသူရင်မှာ ပျော်ပါစေ ထာဝရ
တစ်ယောက်တည်း ဒီလွမ်းဝေဒနာ ကွယ်ရာမှာ ငါ့အသည်းကွဲ
လက်ခံလိုက်မယ် လက်ခံလိုက်မယ်
8:02 PM 4/22/2013

No comments:

Post a Comment