Sunday, April 21, 2013

အရင်ကဇတ်လမ်း


ရေး - ကိုအောင်
ဆို - ဟန်ထွန်း

တကယ်ဆိုမေ့ပစ်လိုက် နာကျင်ခြင်းတွေမေ့ထားလိုက်
အမျှော်လင့်ဆုံးကလေးရေ ဒီလိုတို့တွေဆုံတွေခိုက်
ရွှေရောင်တောက်ပလွန်းတဲ့ မင်းဘဝလေးထဲ မင်းနေပါ
အတူတူနီးစပ်ဖို့တော့ တို့ရဲ့ဘဝက ဟိုးအဝေးမှာ

အပြာရောင်မိုးကောင်းကင် ကြယ်စင်လေးတွေ ကြွေသွားတိုင်း
မပျော်နိုင်ဘူးကလေးရေ မငိုနဲ့မျက်ရည်တွေသုတ်လိုက်
ဘယ်လိုဝေးသွားလည်းပဲ အဆုံးသတ်တဲ့အထိချစ်နေမှာ
ရွှေရောင်တောက်ပလွန်းတဲ့ မင်းဘဝလေးရဲ့ဟိုးအဝေးမှာ

အို အရင်က ဇတ်လမ်းလေး
မေ့လိုက်ပါ အရင်က ဇတ်လမ်းလေး
ဟိုးတုန်းက နမ်းခဲ့ဖူးတဲ့ အနမ်းလေးတွေက
အခုတော့ တိမ်များလို လေထဲလွင့်ပါသွား
လေထဲလွင့်ပါသွား အိုး

အို အရင်က ဇတ်လမ်းလေး
မေ့လိုက်ပါ အရင်က ဇတ်လမ်းလေး
7:56 PM 4/22/2013

No comments:

Post a Comment