Monday, April 29, 2013

ဒီရေဒီလှေ


ရေး -သောမတ်စ်
ဆို - လေးဖြူ

သွေးပျက်လောက်တဲ့ လှိုင်း စောင်းထက်တဲ့ ကျောက်ခက်
အငြိုးကြီး မိုးသီးရှိုင်းစိုင်းသောမုန်တိုင်း ကြီးတွေ
သတ္တိရှိမှလိုက် တို့ကအသင့်ရှိတယ်
စွန့်လွတ် စွန့်စားခြင်းယောက်ျားတို့ရဲ့ အစွမ်းရှိတယ်
ကြင်နာသူရေ လာကြည့်လိုက် အရာရာပြင်ဆင်ပြီး
ပင်လယ်ပြင်ကျော်ဖြတ်မယ့်လှေငယ်ဟာ စုံလင်ပြီ

ဒီရေလှိုင်းဖွေး
မုန်တိုင်းကကြမ်းနေလို့ လိုက်ခဲ့တော့
ဒီလှေကမ်းအဝေး ရေလှိုင်းအောက်ရောက်မှာစိုး လိုက်ရဲလား

ကမ်းနဲ့ဝေးတဲ့နောက် တိုက်ခိုက်မယ့်ကျောက်ဆောင်
မျောလွင့်သွားမယ့် ရေစီးကြောင်းများအန်တုမယ့်လူ
တက်နဲ့ရွက်ဖွင့်လို့ သွားဖို့အသင့်ရှိတယ်
စဉ်းစားလိုက်ရဲလား စွန့်စားခြင်းနဲ့ တို့ခရီးစမယ်
ယုံကြည်တယ်ဆို အတူလိုက်ခဲ့ ဥာဏ်ကိုမှီခိုပြီး
အောင်မြင်စွာကျော်ဖြတ်မယ့် လှေငယ်ဟာစုံလင်ပြီ

ဒီရေလှိုင်းဖွေး
မုန်တိုင်းကကြမ်းနေလို့ လိုက်ခဲ့တော့
ဒီလှေကမ်းအဝေး ရေလှိုင်းအောက်ရောက်မှာစိုး လိုက်ရဲလား

2:25 AM 4/30/2013

No comments:

Post a Comment