Thursday, April 25, 2013

မှန်

ရေး - မောင်မောင်ဇော်လတ်
ဆို - လေးဖြူ

ကြည့်မှန်တစ်ချက် ရှေ့ရပ်ကြည့်စကားပြော ငါ့အရိပ်နဲ့ငါ ဘယ်သူအမှန်တုန်း
ကောင်းသောနေ့ပါနှုတ်ဆက်သွားတဲ့ မနေ့ကမကောင်းမှုတွေအားလုံး
အပေါစားမျက်ရည်တစက်နဲ့ လွမ်းတဲ့နှလုံးသား ငိုနေတုန်း
အပြစ်တင်ချင်တယ် လွဲအောင်ရှောင်ဖယ် ဟန်ဆောင်နေတုန်း
ဟောဒီကမ္ဘာမှာ ငါ့ကိုယ်ငါတောင်ရှာဖွေနေတုန်း 
အနက်ဆုံးတွင်းဘာလဲဗျ  မေးတဲ့သူဋ္ဌေးသား မင်းကဒီကိုလာ
အကောင်းဆုံးကား ဘာလဲဗျ မေးတဲ့စာပွဲထိုးလေးရေ ဆာရီးပါ
အနိမ့်အမြင့်လောကဓံ များနဲ့လောက စိတ်ဓာတ်ကျလို့မနေနဲ့အုံး
ဟောဒီကမ္ဘာမှာ ငါ့ကိုယ်ငါတောင်ရှာဖွေနေတုန်း
အပြစ်တင်ချင်တယ် လွဲအောင်ရှောင်ဖယ် ဟန်ဆောင်နေတုန်း

ဘာမှငါမရချင်ဘူး ငါ့ဘဝကို ငါ့ကိုပေးပါ 
ဘာမှငါမရချင်ဘူး ငါ့ဘဝကိုတွေ့ခွင့်ပေးပါ
ဘာမှငါမတောင်းဆိုဘူး ငါ့ဘဝကိုငါ့ ဆီအပ်ပါ
ဘာမှငါမကြားချင်ဘူး ငါ့ဘဝရဲ့အကြောင်းကိုပြောပါ 
တွေ့ချင်တယ်လေ သိချင်တယ်လေ ကြားချင်တယ်လေ ကြည့်ချင်တယ်လေ
တွေ့ချင်တယ်လေ သိချင်တယ်လေ တွေ့ချင်တယ်လေ သိချင်တယ်လေ
ငါဘယ်သူတုန်း

8:18 PM 4/28/2013

No comments:

Post a Comment