Thursday, April 25, 2013

လေလွင့်သူ

ရေး - အယ်ဖြူ
ဆို - လေးဖြူ

ဘယ်လိုဖြေရမလဲ ပေါ့ပါးခြင်းနဲ့ဘဝ 
ဘယ်ကိုသွားမလဲ အတိအကျမသိတဲ့ ခရီးသည်တစ်ဦးရဲ့ညနေများ
တစ်ညလုံးငါ့ရဲ့အနား သက်ပြင်းများကြွေကျ
ညတိုင်းအိပ်မက်ထဲမှာ တစ်စုံတစ်ယောက် ငါ့ကိုရပ်စောင့်နေတယ်

လေနှင်ရာလွင့်ခဲ့ ငါ တိမ်တိုက်တစ်ခုပါပဲကွယ်
ယုံကြည်ကိုးစားခဲ့တဲ့ မင်းမျက်လုံးတွေမှိတ်ပစ်လိုက်ပါကွယ်
စိတ်ကူးနဲ့အိပ်မက်ရယ် တကယ်တမ်းဖြစ်မလာခဲ့ 
နေရစ်ခဲ့ပါကလေးရယ် ငါအဝေးဆုံးကိုပြေးသွားချင်တယ်

ဘယ်လိုကြေကွဲမလဲ 
ဘယ်လိုငိုကြွေးမလဲ ချစ်သူလေးရယ်မင်းအတွက်ပဲ
မျှော်လင့်ခြင်းနဲ့ဖမ်းဆုပ်ထားတဲ့ လက်တွေအားမဲ့သွားပြီကွယ်
ဘယ်လိုကြေကွဲမလဲ 
ဘယ်လိုငိုကြွေးမလဲ ချစ်သူလေးရယ်မင်းအတွက်ပဲ
အိုး....အရောင်လွင့်လို့သွားပြီကွယ်
အိပ်မက်ကလေးရဲ့နောက်ဆုံး ငါအဝေးဆုံးသွားချင်တယ်

8:29 PM 4/28/2013

No comments:

Post a Comment