Wednesday, April 10, 2013

ဆောက်တည်ရာမဲ့

ရေး - အငဲ
ဆို - အငဲ

အတောင်များ ကြေမွ ခရီးကြမ်းနှင်လာ
ခိုနားစရာ အရိပ်ပျောက်နေတုန်း ပျံသန်းရင်းနဲ့သာ
ကန္တာရနေအောက် လောင်ကျွမ်းတဲ့ အတိတ်နဲ့
ငါဟာ ဆောက်တည်ရာမဲ့
စိတ်သောကများ မီးများ အရိုးထဲထိ လောင်မြိုက်နေ
ငါကိုးကွယ်တဲ့ဘဝ အချစ်ဟာ အဓိက လုံးဝအမှားတွေ အိပ်မက်တွေ အားလုံးတကယ် ဆုံးရှုံးခဲ့ပြီ
ငါဟာ ဆောက်တည်ရာမဲ့
အဝေးဆုံး ခရီးဆက်နေမယ်
အဝေးဆုံးခရီးဆက်ဦးမယ်
မချစ်ဝံ့တော့ပါ မင်းနဲ့ဝေးရာ မင်းနဲ့ဝေးရာ
ခရီးဆက်နေဦးမယ် ရင်နာတယ် ချစ်သူ
ငါနောက်ပြန်မလှည့်ဘူး/ငါနောက်ပြန်မလှည့်တော့ဘူး
အချစ်တွေက အားလုံးလှည့်ကွက်လား
ယုံကြည်ခဲ့သူချင်း ချစ်သူအရင်း ဘဝချင်းထပ်ကာ
မယုံနိုင်ဘူး မင်းဖောက်ရက်တဲ့ သစ္စာအတွက်
ငါဟာ ဆောက်တည်ရာမဲ့
အားလုံးပျက်စီးပြီ
ငါ့နှလုံးသားကို အစိမ်းလိုက်ခွဲချေ အစိမ်းလိုက်မင်းခွဲချေ
အို ရက်စက်လွန်း လုပ်ရက်တဲ့ချစ်သူရေ
နောက်ထပ် မချစ်ဝံ့ပါ အဝေးဆုံးကိုပြေး အဝေးဆုံးထိလေ
ခရီးဆက်နေဦးမယ် ရင်နာတယ် ချစ်သူ
ငါနောက်ပြန်မလှည့်ဘူး
2:58 AM 4/19/2013

No comments:

Post a Comment