Wednesday, April 10, 2013

အမုန်းတွေရုပ်သိမ်းပေး

ရေး - အငဲ
ဆို - အငဲ
တို့ရိုးသားစွာ ချစ်မိ
မင်းမုန်းလိုက်တာ သိပ်လွယ်လွန်း
မင်းရဲ့အရိပ်လို အနားမှာ
နေတာ စွဲလန်းခြင်းပါဟေ့
အချစ်ရဲ့ ဥပဒေတော့
တကယ်ကို နားမလည်သေး
မင်းအမုန်းတွေရုပ်သိမ်းပေး
ဘယ်လိုလဲ မင်းကို မချစ်ရဘူးလား
ငါဒီလို အချစ်အကြောင်းကို အဖြူစင်ဆုံးတွေး
ဘယ်လိုလဲ မင်းကို မချစ်ရဘူးလား
ဘာကြောင့်လဲအချစ်ရယ်
တစ်ညလုံးပဲ ငါ့စိတ်ထဲပြန်ဆန်းစစ်
အချစ်အိပ်မက်တွေ အလှဆုံး
ဘာအတွက် နှလုံးသားကို အကျဉ်းချထားမလဲ
ရင်ခုန်ခြင်းနဲ့ ထပ်တူ နေကြည့်ဖို့
အပြစ်မဲ့တဲ့ အချစ်တွေဟာ လက်တစ်ကမ်းမှာပါ
ဘယ်လိုလဲ အချစ်လေး
ဘယ်လိုလဲ အချစ်လေး
ဘာကြောင့်လဲ အချစ်လေး
2:53 AM 4/19/2013

No comments:

Post a Comment