ရေး - ဒိုးလုံး
ဆို - ဒိုးလုံး
သိပ်ချစ်မိလို့များ အပြစ်ဖြစ်ရတာလားကွာ
မကြင်နာချင်နေပါ မညာပါနဲ့ကွာ
ရင်မှာ အရှိအတိုင်းလက်ခံမယ်
အသည်းကွဲရအောင်လို့ မင်းရက်စက်ရင်လည်းကွာ
ဒဏ်ရာတွေကိုသာ ခံယူရင်းနဲ့ ရင်မှာဆက်ပြီး ချစ်နေမှာ
ဒီလိုမချစ်ဘူး မပြောပါနဲ့ မင်းလုပ်သမျှ အားလုံးကိုကျေနပ်တယ်
ယုံပါ ဒီအချစ်များ မငြင်းပါနဲ့ မင်းဘဝအတွက်အကောင်းဆုံးကို ဖန်တီးလို့
တကယ်ပါ တသက်လုံးချစ်နေမှာ မျှော်လင့်ရင်းစောင့်ရသူ ကြေကွဲအောင် မလုပ်နဲ့
အပြောင်းအလဲများစွာနဲ့ မင်းထားခဲ့ရင်လည်းကွာ
အရာရာအဆင်ပြေအောင်ကိုယ်ဖြည့်ဆည်းလို့
အရင်လို တသက်လုံးချစ်နေမှာ
မင်းစိတ်ရဲ့အလိုအတိုင်း အမြဲအသင့်ရှိနေတဲ့သူ
ညှာတာနေစရာမလို အမှန်သာပြောလိုက် ဟန်မဆောင်တတ်ဘူး ချစ်တယ်ကွာ
9:15 PM 4/8/2013

No comments:
Post a Comment