ရေး - ဒိုးလုံး
ဆို - ဒိုးလုံး
အထင်မှားမိတယ် မျှော်လင့်ဘဝတစ်ခု ကိုယ်အရူးအမူးမယ့် ကမ္ဘာမြေဝယ်
ရှည်လျားနှစ်တွေ အပြစ်မဖွဲ့ချင် ကိုယ်စောင့်စားခဲ့ပေါ့ အခြေအနေ
အို မထူးခြား ဘယ်လိုမှ
အိုး အကြင်နာ နည်းလွန်းလှသူလေးရယ်
စိတ်ထဲဆွဲနေ တကယ်အမြဲတမ်းချစ် ကိုယ့်မေးခွန်းအတွက် အဖြေညှိရင်း
သူပြောင်းလဲကာ အိုချစ်မလားလို့ ဒီအသည်းနှလုံးက ပျော့မလာပေ
အငြိုးကြီးတဲ့ ကိုယ့်အချစ်ဆုံးနဲ့ အကြည့်နဲ့
ဥပက္ခာဝါဒီရဲ့ မစွန့်လွှတ်လိုတဲ့ အသိတစ်ချက်နဲ့
ဖူးပွင့်မလာတဲ့ ပန်းကလေးတစ်ပွင့်က ရက်စက်တာများ
ပျောက်ပျက်သွားမလား အလင်းများလွမ်းလည်း ကိုယ့်ဘဝအမှောင်ထဲ
အို မထူးခြား ဘယ်လိုမှ
အိုး အကြင်နာ နည်းလွန်းလှသူလေးရယ်
9:26 PM 4/8/2013

No comments:
Post a Comment