Wednesday, April 3, 2013

တော်ချိန်မှာမတော်တတ်ခဲ့သူ


ရေး -
ဆို - စိုင်းထီးဆိုင်

ခေါင်ရည်ချိုမြ တစ်ခွက်စာလောက် စမ်းသောက်မိသူမှာ
သာယာတဲ့အာရုံလေးမမေ့နိုင်အောင် စိတ်ထဲ
အစွဲကြီးစွဲရင်နဲ့ မဖြေနိုင်ခဲ့
ကြင်နာသူရဲ့အယုအယအောက် ခဏရောက်ခဲ့စဉ်ခါ
သာယာတဲ့ဒီကမ္ဘာလေး တစ်သက်တာအတွက်ရှိရေး
အတွေးကြီးတွေးရင်းနဲ့ မပြန်နိုင်ခဲ့
ရေရှည်မှာချစ်ချင်တာတစ်ခုတည်းနဲ့ မဖြစ်နိုင်မှန်းတော့
သတိရမိပါရဲ့ကွယ် တော်ချိန်မှာ မတော်တတ်ခဲ့ပြီ
ရွှေဘုံပေါ်စံနိုင်ရင်တော့မဆိုး ခြေအစုံပေါ်ကန်နေမယါ့ဘဝမျိုး
ကြာကြာလေ ခံနိုင်မယ် မလွယ်ရိုး ရေရှည်မှာ ချစ်ချင်တာ
တစ်ခုတည်းကို အားကိုးတိုင်းမဖြစ်မှန်း
သိပေမယ့်တော်ချိန်မှာ မတော်တတ်ခဲ့သူမို့
ကြင်နာသူရဲ့အယုအယအောက် ခဏရောက်ခဲ့စဉ်ခါ

1:50 AM 4/29/2013

No comments:

Post a Comment